ချည်မျှင်နှင့် အထည်စက်ရုံ(ပလိပ်)က ၀န်ထမ်းတွေ ဆန္ဒထုတ်ဖော်ကာ ထိုင်သပိတ်ဆင်နွှဲ

0
311

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပန်ဒါချည်မျှည်အထည်နဲ့ အချောကိုင်စက်ရုံ (ပလိပ်)က စက်ရုံဝန်ထမ်း (၃၀၀)ကျော်လောက်ဟာ တောင်းဆိုချက်တွေကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။

အဲဒီစက်ရုံဟာ အရင်က စက်မှုဝန်ကြီးဌာနအောက်မှာရှိခဲ့တဲ့ ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံကို ပုဂ္ဂလိကပိုင် လွှဲပြောင်းခဲ့ပြီးနောက် ၀န်ထမ်းဟောင်းတွေရဲ့ နောက်ဆွဲတွဲ အခက်အခဲတွေ၊ နစ်နာချက်တွေကို တောင်းဆိုခဲ့ကြပြီး ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် အခုလို ဆန္ဒထုတ် ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော်မှုကို ပုဒ်မ (၁၈) အရ တရားဝင် ခွင့်ပြုချက် ရယူထားတာဖြစ်ပြီး စက်ရုံပင်မဂိတ် (၁) ကနေ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

စက်ရုံဝန်ထမ်းတွေဟာ ဇွန်လ (၃)ရက်နေ့က စတင်ပြီး ထိုင်သပိတ် စတင်ဆင်နွှဲဖို့ တင်ပြခဲ့ပြီး စက်ရုံတာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ၀န်ထမ်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၀န်ထမ်းတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေ အားလုံးနီးပါးကို စက်ရုံက ဆောင်ရွက်ပေးထားတယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောကြားနေပေမယ့် အခုလို ဆန္ဒထုတ်ဖော်မှု အထိ ဖြစ်လာတာဖြစ်ပါတယ်။

လက်ရှိ ဆန္ဒထုတ်ဖော်သူတွေဟာ စက်ရုံရဲ့ ပင်မဂိတ်မှာ ထိုင်သပိတ် ဆင်နွှဲနေကြပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက လာရောက် ဖြေရှင်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)