အာဇာနည်တွေကို နာမည်နဲ့တကွ အလေးပြုခွင့်မှာမှာမို့ အလွန်ဝမ်းသာမိတယ်လို့ ဟန်ဂေရီကိုကိုကြီး ပြောကြား

0
461

အာဇာနည်ပုဂ္ဂိုလ်တွေကို နာမည်တကွ အလေးပြုခွင့်ရတော့မှာမို့ အစိုးရသစ်ရဲ့လုပ်ရပ်အပေါ် အလွန်ပင်ဝမ်းသာမိတယ်လို့ ဂုဏ်ပြုခံ သတင်းစာဆရာကြီးဦးကိုကိုကြီး(ဟန်ဂေရီ)က ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ MCN သတင်းထောက် နေမင်းခ ကပေးပို့ထားပါတယ်။

၁၉၈၃ ခုနှစ် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အာဇာနည်ဗိမာန်ကို ပြန်လည်ပြင်ဆင်ခဲ့ရာမှာ အာဇာနည် ပုဂ္ဂိုလ် ကြီးတွေရဲ့ မြှုပ်နှံထားတဲ့နေရာကို ကမ္ပည်းမော်ကွန်းထိုးပြီး အတိအကျ ဖော်ပြထားခြင်းမရှိခဲ့တာကြောင့် လာရောက်အလေးပြုတဲ့ ပြည်သူတွေ အခက်အခဲတွေဖြစ်ခဲ့ရတယ်လို့ ဦးကိုကိုကြီး(ဟန်ဂေရီ)က ပြောဆို လိုက်ပါတယ်။ သတင်းစာဆရာကြီး ဦးကိုကိုကြီး(ဟန်ဂေရီ) ဟာ အဲဒီဗုံးပေါက်ကွဲမှုဖြစ်ချိန်မှာ အာဇာနည်ဗိမာန် မှာ သတင်းယူဖို့ ရောက်ရှိနေပြီး ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီကျော်လောက်က အာဇာနည်ဗိမာန်မှာ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လာရောက်ဂါရ၀ပြုတဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို မြောက် ကိုရီးယားတပ်သားတစ်ချို့က လုပ်ကြံဖို့ ဗုံးပေါက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရခဲ့တဲ့ သတင်းစာဆရာကြီး ဦးကိုကိုကြီး(ဟန်ဂေရီ)ဟာ အခုအချိန်မှာ အသက် ၈၁ နှစ် ရှိနေပြီဖြစ်ပြီး အလုံမြို့နယ်မှာ မိသားစုဝင်တွေနဲ့အတူ နေထိုင်လျှက်ရှိပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း အာဇာနည်ဗိမာန်ကို ပြန်လည်ပြုပြင်ခဲ့ရာမှာ တော်လှန်ရေးကောင်စီအစိုးရက အကောင် အထည်ဖော်ခဲ့ပြီး အာဇာနည်ဗိမာန်မှာ မည်သူမည်ဝါမှန်း သိသာစေတဲ့ ကမ္ပည်းပြားတွေကိုလည်း ထိုးခွင့်မပြုခဲ့ သလို မည်သည့်ကမ္ပည်းကျောက်စာကိုမျှလည်း ထားခွင့်မပေးခဲ့တာဖြစ်ပါတယ်။

အခု လက်ရှိမှာ အာဇာနည်ဗိမာန်ကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့အမီ ပြည်သူတွေလာရောက် အလေးပြု နိုင်ဖို့အတွက် မူလဗိသုကာပညာရှင်တွေ ရေးဆွဲခဲ့တဲ့ ဒီဇိုင်းကို ရာနှုန်းပြည့်အကောင်အထည်ဖော် ပြုလုပ်နေပြီ ဖြစ်ပါတယ်ခင်ဗျာ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)