အနှစ် ၂၀ သက်တမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းဆောင်သစ်များ လိုအပ်

0
382

နယ်စပ်ဒေသကိုပြောင်းရွှေ့လာကြသူတွေရဲ့ သားသမီးတွေနဲ့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်း သားတွေရဲ့သားသမီးတွေ တတ်ရောက်နေတဲ့ တောရဘုန်းတော်ကြီးပညာရေးကျောင်း ကိုတည် ထောင်ခဲ့တာ အနှစ် ၂၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်း အပြည့် အစုံကိုတော့ ဒေးနိုင်က တင်ဆက်ပေးထားပါတယ်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့တောရဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်နယ်စပ်ဒေသကို ပြောင်းရွှေ့နေထိုင်ကြသူတွေရဲ့သားသမီးတွေတတ်ရောက်ပညာသင်ကြားနေတဲ့ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ဒီပညာရေးကျောင်းတွင် ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် တတ်ရောက်ပညာ သင်ကြားနေတာ ဖြစ်ပါတယ်။

“သင်ရိုးညွှန်းတမ်းအသစ်ကတော့ ကောင်းပါတယ်။ အခက်အခဲအနေနဲ့ကတော့ စာသင်ခန်းလုံလောက်မှုမရှိတဲ့ အတွက်ကြောင့်မို့ သင်ထောက်ကူပြုလုပ်တဲ့အခါမှာ အခက်အခဲ အများကြီးရှိပါတယ်။ ကျောင်းသားမိဘတွေကတော့ ပထမ ၆လမှာ စာသင်ကြားမှုနဲ့ပတ်သက်ပြီးတော့ ရေးသားမှုမရှိသေးတဲ့အတွက်ကြောင့် တချို့မေးမြန်းတာတွေတော့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကတော့ သူတို့ကို အတတ်နိုင်ဆုံးပြေလည်အောင် ပြောပြပြီးတော့ သင်ကြားနေတဲ့စနစ်ကို ပြော ပြပေးတဲ့အတွက်ကြောင့် မိဘတွေအနေနဲ့လည်း စိတ်ဝင်စားလာတာတွေ့ရပါတယ်”လို့ မြ၀တီမြို့၊ တောရဘုန်းတော်ကြီးသင်ပညာရေးကျောင်း မူလတန်းပြဆရာ ဦးကျော်ဟန်စိုးက ပြောပါတယ်။

တောရဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၉၉၆ ခုနှစ်မှာ ပျံတော်မူသွားပြီဖြစ်တဲ့ တောရကျောင်း ဆရာတော်ကြီးဦးစီးပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ဒေသကိုပြောင်းရွှေ့လာကြတဲ့သူတွေရဲ့ သားသမီးတွေနဲ့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ သားသမီးတွေ ပညာရေးအဆက်မပြတ် အောင် ရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

“သင်ကြားမှုပိုင်းမှာ အခက်အခဲကတော့ အများကြီးတော့ မရှိဘူး စာသင်ဆောင်တွေလိုအပ်တာ ပေါ့နော်။ ပြီးတော့ ခုံတွေ၊ စာသက်ဆောင်တွေ နောက် နေရာကျဉ်းတယ်လေ။ အလှူရှင်တွေလိုအပ် တယ်”လို့ မြ၀တီမြို့၊ တောရဘုန်းတော်ကြီးသင်ပညာရေးကျောင်း မူလတန်းပြဆရာမ ဒေါ်ဝေမာစိုးက ပြောပါတယ်။
အဲ့ဒီကျောင်းမှာ သူငယ်တန်းက စတုတ္ထတန်းအထိပညာသင်ကြားပေးနေပြီး လာမယ့်နှစ်မှာပဉ္စမတန်း အထိ တိုးမြင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကျောင်းတည်ထောင်လာတာ အနှစ် ၂၀ ရှိနေပြီး ကျောင်းသားဦးရေလည်း ပိုများပြားလာတာကြောင့် ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့ အလှူရှင်တွေ လိုအပ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)