စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေအတွက် တောင်သူတွေ လျော်ကြေးရရှိုလို

0
377

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေရရှိဖို့ လယ်ပိုင်ရှင်တွေက မျော်လင့်နေကြပါတယ်။

ဒီအကြောင်းအပြည့်စုံကိုတော့ MCN သတင်းထောက် တင်မာဆွေက ရိုက်ကူးထားပြီး MCN သတင်းထောက်အောင်ဆန်းဦးက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခ၀ဲကျင်းကျေးရွာနဲ့ ကံကြီးကျေးရွာတွေက ဒေသခံတောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ဧက(၂၀၀)ကို အနောက်မြောက် တိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အမှတ်(၄)တပ် ခုတင်(၃၀၀) စစ်ဆေးရုံတည်ဆောက်ခဲ့တဲ့ပေမယ့် နစ်နာကြေး မရရှိခဲ့တာကြောင့် အစိုးရသစ်အနေနဲ့ ကူညီဖြေရှင်းပေးဖို့ လယ်သိမ်းခံတောင်သူတွေက မျော်လင့်နေကြတာပါ။

“ကျွန်တော်တို့ တာဝန်ရှိသူတွေက လာရောက်ပြီးစစ်ဆေးပြီးတော့ နစ်နာကြေးပေးမယ်ပေါ့။ တစ်ဧက သိန်း ၂၀ နှုန်းနဲ့ကျေနပ်ပါသလား၊ ဘာလားပေါ့။ ကျွန်တော်တို့ကိုမေးတယ်။ ကျွန်တော်တို့ကလည်း ရသလောက်လေး ၂၀ လည်းမဆိုးပါဘူးပေါ့။ တောင်သူတွေ ညှိနှိုင်းပြီး ကျေနပ်ခဲ့ပါသော်လည်း ယနေ့အချိန်အထိ ကျွန်တော်တို့မှာ ဘာတစ်ပြားမှ မရရှိဘဲနဲ့ တာဝန်ရှိသူတွေကို လိုက်လံစုံစမ်းတဲ့အခါမှာလည်း ကျွန်တော်တို့မှာ ဒါတွေက လျော်ပြီးပြီမဟုတ်ဘူးလား။ ကျွန်တော်တို့က လျော်ပြီးပြီလို့တောင်အောင်မေ့နေလို့ ဒီလောက်အထိ ငြိမ်နေကျတယ်လို့ထင်တာ။ ကျွန်တော်တို့က လိုက်လံမေးသော်လည်း တာဝန်ရှိသူက ဒီလိုပြောသော်လည်း ဒီနေ့အချိန်အထိ တစ်ပြားတစ်ချပ်မှ မရရှိသေးပါဘူး” လယ်သိမ်းဆည်းခံထားရသူ ဦးခင်မောင်မြင့်က ပြောပါတယ်။

၂၀၁၃ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲမှု (၅)ဦးကော်မတီဖွဲ့ပြီး လျော်ကြေး သတ်မှတ်ရေးအတွက် စစ်ဆေးစေခဲ့ပါတယ်။ တစ်ဧကကို သိန်း၂၀ လျာ်ကြေးငွေးပေးမယ်လို့ပြောပြီ တောင်သူများကို လက်မှတ်ထိုးခိုင်းခဲ့ပေမယ့် အခုအချိန်ထိ လျော်ကြေးငွေ မရရှိသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ နစ်နာကြေးရရှိဖို့အတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ စစ်အစိုးရလက်ထက်တွင် လည်း တောင်းဆိုခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ၂၀ ရက်၊ ၁ လ၊ ၂၀၁၅ ခုနှစ်က ခရိုင်မှလာပြီးတော့ ကျွန်တော့်တို့နစ်နာကြေးလျော်ကြေးကို ညှိနှိုင်းပါတယ်။ တစ်ဧကကို သိန်း ၂၀ နှုန်း ညှိနှိုင်းခဲ့သော်လည်း ယနေ့အချိန်အထိ တောင်သူတွေနဲ့ သဘောတူညီမှုရယူပြီး နစ်နာကြေးလုံးဝ မပေးခဲ့ပါဘူး”လို့ လယ်သိမ်းဆည်းခံထားရသူ ဦးအောင်ကျော်မင်းက ပြောပါတယ်။

လက်ရှိလုပ်ကိုင်နေရတဲ့ တောင်းရက်၊ ဖျာရက် လုပ်ငန်းအစား တခြားအလုပ်ငန်းတွေကိုပြောင်း လုပ်ကိုင်လိုတဲ့အတွက် အစိုးရအနေနဲ့ လျော်ကြေးငွေရရရှိအောင် အမြန်ဆုံးဖြေရှင်းပေးဖို့ မျော်လင့်နေကြ တာဖြစ်ပါတယ်။ ဒီလယ်မြေတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ၁၉၉၀ ခုနှစ်က လယ်ယာမြေဧက ၁၂၀ နဲ့ ၁၉၉၆ ခုနှစ်မှာ လယ်ယာမြေဧက ၈၀ ကိုသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။.

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)