ရခိုင်တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အမြန်ဆုံး ကာကွယ်ပေးဖို့လို

0
2381

လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသန္တရ အုပ်ချုပ်ရေး ပျက်ပြားနေတဲ့အပြင် အသက်အန္တရာယ်ပါ လုံခြုံမှု မရှိတော့ပဲ ကျီးလန့်စာ စား နေရတဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အမြန်ဆုံး အကာအကွယ်ပေးနိုင်မယ့် အစီအမံတွေ ရှိဖို့ လိုအပ် နေပါတယ်။

ပြီးခဲတဲ့ မေလနဲ့ အခု ဇွန်လတွေမှာ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို စဉ်ဆက်မပျက် လေ့လာ စောင့်ကြည့်မှု ပြုနေတဲ့ AAPP လို့ ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကနေ ကာကွယ်နိုင်မယ့် အစီအမံတွေချမှတ်နိုင်ဖို့ နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ICCPR ကို အစိုးရအနေနဲ့ အမြန်ဆုံး လက်မှတ်ရေးထိုးကာ လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်း အကာအကွယ်ပေးဖို့ကိုလည်း AAPP အသင်းရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က တိုက်တွန်းထားပါတယ်။

အဲ့ဒီလို နိုင်ငံတကာ သဘောတူစာချုပ်အပါအဝင် ဥပဒေတွေပါ ပြဌာန်းပြီး အကာအကွယ်ပေးဖို့ ဘာကြောင့် လိုအပ်နေလဲ ဆိုတာ ရုပ်/သံ မှတ်တမ်းအနေနဲ့ တင်ဆက်ပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)