အင်ဒိုနီးရှား နိုင်ငံမှ (ကိုဗစ်-၁၉) ကူးစက်မှု နောက်ဆုံးအခြေအနေ (06 APRIL 2020)

0
218

ဧပြီလ (၆) ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ အချက် အလက်တွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အင်ဒိုနီးရှားမှာ ရောဂါ ကူးစက်မှုအသစ် (၁၈၁) မှုကို စမ်းသပ်အတည်ပြနိုင်ခဲ့ပြီး သေဆုံးသူ အရေအတွက်မှာဆိုရင်လည်း (၇) ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ဒါကြောင့် အင်ဒိုနီးရှားမှာ ရောဂါကူးစက်မှု စုစုပေါင်း (၂၂၇၃) မှုရှိလာနေပြီး သေဆုံးသူ စုစုပေါင်းအရည်အတွက်ဟာ လည်း (၁၉၈) ဦးအထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။

ရောဂါကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူ (၁၆၄) ဦးသာ ရှိလာတာတွေ့ရတာကြောင့် လူနာ ၂၀၀၀ နီးပါကတော့ ဆေးဝါး ကုသမှုတွေကို ခံယူနေကြရတဲ့ အခြေအနေမျိုးတွေကို တွေ့ရပါတယ်။

အခု စစ်ဆေးတွေ့ရှိခဲ့တဲ့ ရောဂါကူးစက်မှု အမှုအသစ်တွေဟာ ပြည်နယ် ၁၃ ခုမှာ ဖြစ်ပွားခဲ့ပြီး ဂျကာတာမှာ တနင်္ဂနွေ တစ်ရက်တည်းတင် ရောဂါကူးစက်မှု အသစ် ၉၆ မှုရှိခဲ့တာပါ။

မြို့တော်ဂျကာတာဟာ တစ်နိုင်ငံလုံး ရောဂါကူးစက်မှု အားလုံးရဲ့ ၅၀ ရာခိုင်နှုန်သော ရောဂါကူးစက်မှု ၁၁၄၄ မှု ဖြစ်ပေါ်နေပြီး နောက်ဂျာဗား (၂၅၂) မှု၊ အရှေ့ဂျာဗား (၁၈၈) နဲ့ ဘာတီမှာ (၁၇၇) မှု အသီးသီး ကူးစက်ဖြစ်ပွားနေတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အခုဖြစ်ပေါ်နေတဲ့ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေဟာ တစ်နေ့တာ အမြင့်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ အခြေအနေမှာပဲ အင်ဒိုနီးရှားလူမျိုးအားလုံး အိမ်က ထွက်တိုင်း မျက်နှာဖုံးကို ဝတ်ဆင်ထားကြဖို့ဟာ အခုအချိန်မှာ မဖြစ်မနေ လိုအပ်နေပြီလို့ အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီးဌာန COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေး မှူးချုပ်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ COVID-19 ရောဂါ ကူးစက်မှုကို စမ်းသပ် ရှာဖွေနိုင်တဲ့ စွမ်းရည်အကန့်အသတ်နဲ့ စမ်းသပ်မှုနှုန်း နည်းပါးနေ တာကြောင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ပိုမိုခက်ခဲနေရတာပါ။

လူဦးရေ ၂၇၂ သန်းကျော် ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ Covid-19 စစ်ဆေးမှု ၉၇၁၂ ခုသာ စနေနေ့အထိပြု လုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဝန်ခံပြောဆိုထားတာပါ။

ဒီလို ပြောကြား ရာမှာ‌တော့ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦး ရေရဲ့ ၃ ပုံ တစ်ပုံအောက်သာရှိတဲ့ မလေးရှားနိုင်ငံဟာ စမ်းသပ်မှု ၅၂၀၀၀၀ လောက် လုပ်နိုင်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။

ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေမှာပဲ တောင်ကိုရီးယားနိုင်ငံက မှာယူထားတဲ့ COVID-19 စမ်းသပ်ကိရိယာ ၅၀၀၀၀ တင်ဆောင်လာ တဲ့ လေယာဉ်ဟာလည်း အင်ဒိုနီးရှားနိုင်ငံကို တနင်္ဂနွေနေ့က စိုက်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။

အလားတူ အင်ဒိုနီးရှားနိုင်ငံက ပြုလုပ်မယ့် qPCR COVID-19 စမ်းသပ်ကိရိယာရဲ့ ရှေ့ပြေးပုံစံကိုလည်း ပြီးစီအောင် ဆောင်ရွက် ထားနိုင်တဲ့ အခြေအနေမျိုး ရှိနေတာပါ။

ဒီစမ်သပ်ကိရိယာက SARS-CoV-2 ဗိုင်းရပ်စ်ကို တိတိကျကျစစ်ဆေးနိုင်ဖို့ စွမ်းရည်စမ်းသပ် စစ်ဆေးမှုတွေကို ပြလုပ်နေတဲ့ အကြောင်း အင်ဒိုနီးရှားက လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတာ တွေ့ရပါတယ်။

ဧပြီလ (၆) ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ အချက် အလက်တွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အင်ဒိုနီးရှားမှာ ရောဂါ ကူးစက်မှုအသစ် (၁၈၁) မှုကို စမ်းသပ်အတည်ပြနိုင်ခဲ့ပြီး သေဆုံးသူ အရေအတွက်မှာဆိုရင်လည်း (၇) ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ဒါကြောင့် အင်ဒိုနီးရှားမှာ ရောဂါကူးစက်မှု စုစုပေါင်း (၂၂၇၃) မှုရှိလာနေပြီး သေဆုံးသူ စုစုပေါင်းအရည်အတွက်ဟာ လည်း (၁၉၈) ဦးအထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။

ရောဂါကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူ (၁၆၄) ဦးသာ ရှိလာတာတွေ့ရတာကြောင့် လူနာ ၂၀ဝ၀ နီးပါကတော့ ဆေးဝါး ကုသမှုတွေကို ခံယူနေကြရတဲ့ အခြေအနေမျိုးတွေကို တွေ့ရပါတယ်။

အခု စစ်ဆေးတွေ့ရှိခဲ့တဲ့ ရောဂါကူးစက်မှု အမှုအသစ်တွေဟာ ပြည်နယ် ၁၃ ခုမှာ ဖြစ်ပွားခဲ့ပြီး ဂျကာတာမှာ တနဂင်ေ္နွ တစ်ရက်တည်းတင် ရောဂါကူးစက်မှု အသစ် ၉၆ မှုရှိခဲ့တာပါ။

မြို့တော်ဂျကာတာဟာ တစ်နိုင်ငံလုံး ရောဂါကူးစက်မှု အားလုံးရဲ့ ၅၀ ရာခိုင်နှုန်သော ရောဂါကူးစက်မှု ၁၁၄၄ မှု ဖြစ်ပေါ်နေပြီး နောက်ဂျာဗား (၂၅၂) မှု၊ အရှေ့ဂျာဗား (၁၈၈) နဲ့ ဘာတီမှာ (၁၇၇) မှု အသီးသီး ကူးစက်ဖြစ်ပွားနေတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အခုဖြစ်ပေါ်နေတဲ့ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေဟာ တစ်နေ့တာ အမြင့်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ အခြေအနေမှာပဲ အင်ဒိုနီးရှားလူမျိုးအားလုံး အိမ်က ထွက်တိုင်း မျက်နှာဖုံးကို ဝတ်ဆင်ထားကြဖို့ဟာ အခုအချိန်မှာ မဖြစ်မနေ လိုအပ်နေပြီလို့ အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီးဌာန COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေး မှူးချုပ်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ COVID-19 ရောဂါ ကူးစက်မှုကို စမ်းသပ် ရှာဖွေနိုင်တဲ့ စွမ်းရည်အကန့်အသတ်နဲ့ စမ်းသပ်မှုနှုန်း နည်းပါးနေ တာကြောင့် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ပိုမိုခက်ခဲနေရတာပါ။

လူဦးရေ ၂၇၂ သန်းကျော် ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ Covid-19 စစ်ဆေးမှု ၉၇၁၂ ခုသာ စနေနေ့အထိပြု လုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဝန်ခံပြောဆိုထားတာပါ။

ဒီလို ပြောကြား ရာမှာ‌တော့ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦး ရေရဲ့ ၃ ပုံ တစ်ပုံအောက်သာရှိတဲ့ မလေးရှားနိုင်ငံဟာ စမ်းသပ်မှု ၅၂၀ဝဝဝ လောက် လုပ်နိုင်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။

ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေမှာပဲ တောင်ကိုရီးယားနိုင်ငံက မှာယူထားတဲ့ COVID-19 စမ်းသပ်ကိရိယာ ၅၀ဝဝဝ တင်ဆောင်လာ တဲ့ လေယာဉ်ဟာလည်း အင်ဒိုနီးရှားနိုင်ငံကို တနဂင်ေ္နွနေ့က စိုက်ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။

အလားတူ အင်ဒိုနီးရှားနိုင်ငံက ပြုလုပ်မယ့် qPCR COVID-19 စမ်းသပ်ကိရိယာရဲ့ ရှေ့ပြေးပုံစံကိုလည်း ပြီးစီအောင် ဆောင်ရွက် ထားနိုင်တဲ့ အခြေအနေမျိုး ရှိနေတာပါ။

ဒီစမ်သပ်ကိရိယာက SARS-CoV-2 ဗိုင်းရပ်စ်ကို တိတိကျကျစစ်ဆေးနိုင်ဖို့ စွမ်းရည်စမ်းသပ် စစ်ဆေးမှုတွေကို ပြလုပ်နေတဲ့ အကြောင်း အင်ဒိုနီးရှားက လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတာ တွေ့ရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)