ဖိလစ်ပိုင်နိုင်ငံမှ (ကိုဗစ်-၁၉) ကူးစက်မှု နောက်ဆုံးအခြေအနေ (06APRIL2020)

0
183

ဧပြီလ (၆) ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ အချက် အလက်တွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖိလစ်ပိုင်မှာ ရောဂါ ကူးစက်မှုအသစ် (၁၆၈) မှုကို စမ်းသပ်အတည်ပြနိုင်ခဲ့ပြီး သေဆုံးသူ အရေအတွက်မှာဆိုရင်လည်း အရင်နေ့က ၁၄၄ ဦးသာ ရှိနေခဲ့ရာက (၈) ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ဒါကြောင့် ဖိလစ်ပိုင်မှာ ရောဂါကူးစက်မှု စုစုပေါင်း (၃၄၃၄) မှုရှိလာနေပြီး သေဆုံးသူ စုစုပေါင်းအရည်အတွက်ဟာ လည်း (၁၅၂) ဦးအထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။

ရောဂါကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူ (၆၄) ဦးသာ ရှိလာတာ တွေ့ရ တာကြောင့် လူနာ ၃၂၀၀ နီးပါကတော့ ဆေးဝါး ကုသမှုတွေကို ခံယူနေကြရတဲ့ အခြေအနေမျိုးဖြစ်နေတာပါ။

ဒီအခြေအနေမှာပဲ ဖိလစ်ပိုင် – မနီလာ အမျိုးသားကျန်းမာရေး ဌာနက တီထွင်ခဲ့တဲ့ COVID-19 ရောဂါ ရှာဖွေစမ်းသပ် ရေးရိယာကိုလည်း တပြိုင်တည်း အများအပြားကို အသုံးပြုနိုင်နေပြီး ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရောဂါရှာဖွေ စစ်ဆေးမှုပေါင်း ၁၂၀,၀၀၀ လောက်ကို ပြုလုပ်လာနိုင်နေကြတာပါ။

ဖိလစ်ပိုင်ကျန်းမာရေး ကျွမ်းကျင်ပညာတွေကတော့ ပြည်တွင်း မှာ ရောဂါဖြစ်ပွားမှု အရည်အတွက်ဟာ ၂၆၀၀၀ ကနေ ၇၅၀၀၀ လောက်အထိ ရှိနေနိုင်ပြီး တိုင်းပြည်ရဲ့ ဘယ်နေရာမှာဆို ဖြစ်ပွား နေနိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။

အဲ့ဒီလို စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ မျော်လင့်ချက်နဲ့ လူနာတွေကို သီးခြားခွဲထားနိုင်မယ့် ကြီးမားကျယ်ဝန်းတဲ့ ကစားကွင်းတွေနဲ့ အစည်း အဝေးခန်းမကြီးတွေကိုလည်း အာဏပိုင်တွေက ပြင်ဆင်ထားမှုတွေ လည်း ရှိနေတာပါ။

ဒီအခြေအနေမှာပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ COVID-19 ရောဂါ တိုက်ဖျက်ရေးတွေမှာ ကူညီဖို့နဲ့ အကြံပေးနိုင်ဖို့ တရုတ်အစိုးရက စေလွှတ်ခဲ့တဲ့ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့လည်း တနင်္ဂနွေနေ့က မနီလာမြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အခုရောက်ရှိလာတဲ့ တရုတ်ဆေးပညာရှင်အဖွဲ့မှာ ကူးစက် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ၊ ဓာတ်ခွဲခန်း စစ်ဆေးမှုဆိုင်ရာ ပညာရှင်တွေ အဓိက ပါဝင်နေတာပါ။

ဒီအဖွဲ့နဲ့အတူ ခွဲစိတ်ကုသရာမှာ အသုံးပြုတဲ့ ၃၀၀,၀၀၀၊ N95 မျက်နှာဖုံး ၃၀,၀၀၀ နဲ့ ဆေးဘက်ဆိုင်ရာ အကာအကွယ်ဝတ်စုံ PPE အစုံ ၅၀၀၀ ကိုတလည်း တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံကို ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက သူ့ရဲ့ လစာ တစ်လစာကို Coronavirus (ကိုဗစ်-၁၉) ရောဂါတိုက်ဖျက်ရေး နိုင်ငံတော် ရန်ပုံငွေအဖြစ် ထည့်ဝင်လှူဒါန်း လိုက်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ လစာ တစ်လစာ ဖိလစ်ပိုင် ပီဆို 400,000 (အမေရိကန် ဒေါ်လာ ၇၈၈၈ ဒေါ်လာ) (မြန်မာကျပ်ငွေ သိန်း ၁၁၀) ကျော်နဲ့ ညီမျှတဲ့ ငွေ ပမာဏ ရှိနေတာပါ။

ဒါအပြင် သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကလည်း လစာရဲ့ ၇၅ ရာခိုင်နှုန်းကို အခု ဧပြီလက စပြီး ဒီဇင်ဘာလအထိ လျှော့ချယူဖို့ ကတိပြုထားကြပါတယ်။

အလားတူ သမ္မတရုံး၊ ဥပဒေအကြံပေးရုံး၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးတွေက အတွင်းရေးမှူးတွေနဲ့ လက်ထောက်အတွင်းရေးမှူးအပါအဝင် အရာရှိအားလုံး ကလည်း သူတို့ရဲ့ ဧပြီလ လစာတွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ဆန္ဒအလျောက်ထည့် ဝင်လှူဒါန်းခဲ့ကြတာပါ။

နိုင်ငံသမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစိုးရဝန်ထမ်း အရရှိတွေသာမက အစောပိုင်းကလည်း ဖိလစ်ပိုင် အောက်လွှတ်တော် ဥပဒေပြုအမတ် ၂၀၀ ကလည်း အစိုးရရဲ့ ရောဂါတုံ့ပြန်မှုအတွက် မေလအတွက် သူတို့ လစာအားလုံးကို လှူဒါန်းဖို့ သဘောတူမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

အခုရရှိတဲ့ ရန်ပံငွေတွေကို ရောဂါကူးစက်ပျံ့နှံ့မှုကိုတားဆီးနိုင်ဖို့ မတ်လ ၃၀ ရက်နေ့က စတင်ပြီး ချမှတ်ခဲ့တဲ့ အရေးပေါ်အခြေအနေနဲ့ ဝင်ထွက်သွားလာမှု ပိတ်ပင်တဲ့ Lockdown အပါဝင် စောင့်ကြည့်မှု Quarantine ခံခဲ့ကြရလို့ ထိခိုက်ခဲ့တဲ့ မိသားစုတွေအတွက် လူမှုရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအစီအစဉ် အဖြစ် အသုံးပြု သွားဖို့ ရှိနေတာဖြစ်ပါတယ်။

မနီလာမြို့တော်အပါအဝင် မြို့တော်ကြီးတွေမှာ ဝင်ထွက်သွား လာမှုကို ပိတ်ပင်ကန့်သက်ထားတဲ့ Lockdowns ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေ ကြေငြာထားမှုကလည်း ဧပြီလ ၁၄ ရက်နေ့မှာ ပြည်မြောက်တော့မှာ ဖြစ်ပေမယ့် ရက်သက်တမ်းတိုးမြှင့် သတ်မှတ်နိုင်တယ်လို့လည်း ဖိလစ်ပိုင်က လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတာပါ။

ဒီအခြေအနေမှာပဲ ရောဂါကူးစက်မှု ထိန်းချုပ်ရေး Quarantine ချမှတ်မှုကို လိုက်နာဖို့ ငြင်းဆန်တဲ့ အရပ်သားတွေက ကျေးရွာအာဏာ ပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတာပါ။

အဲ့ဒီနောက် ကြာသာပတေးနေ့က အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖိလစ်ပိုင်ရဲက ပစ်သတ်ခဲ့တဲ့ အကြောင်းကိုလည်း ဖိလစ်ပိုင်က လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတဲ့ အကြောင်း စုစည်း တင်ဆက်ပေး လိုက်ရပါတယ်။

ဧပြီလ (၆) ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ အချက် အလက်တွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖိလစ်ပိုင်မှာ ရောဂါ ကူးစက်မှုအသစ် (၁၆၈) မှုကို စမ်းသပ်အတည်ပြနိုင်ခဲ့ပြီး သေဆုံးသူ အရေအတွက်မှာဆိုရင်လည်း အရင်နေ့က ၁၄၄ ဦးသာ ရှိနေခဲ့ရာက (၈) ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ဒါကြောင့် ဖိလစ်ပိုင်မှာ ရောဂါကူးစက်မှု စုစုပေါင်း (၃၄၃၄) မှုရှိလာနေပြီး သေဆုံးသူ စုစုပေါင်းအရည်အတွက်ဟာ လည်း (၁၅၂) ဦးအထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။

ရောဂါကူးစက်မှုကနေ ပြန်လည်ကျန်းမာလာသူ (၆၄) ဦးသာ ရှိလာတာ တွေ့ရ တာကြောင့် လူနာ ၃၂၀ဝ နီးပါကတော့ ဆေးဝါး ကုသမှုတွေကို ခံယူနေကြရတဲ့ အခြေအနေမျိုးဖြစ်နေတာပါ။

ဒီအခြေအနေမှာပဲ ဖိလစ်ပိုင် – မနီလာ အမျိုးသားကျန်းမာရေး ဌာနက တီထွင်ခဲ့တဲ့ COVID-19 ရောဂါ ရှာဖွေစမ်းသပ် ရေးရိယာကိုလည်း တပြိုင်တည်း အများအပြားကို အသုံးပြုနိုင်နေပြီး ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရောဂါရှာဖွေ စစ်ဆေးမှုပေါင်း ၁၂၀,ဝဝဝ လောက်ကို ပြုလုပ်လာနိုင်နေကြတာပါ။

ဖိလစ်ပိုင်ကျန်းမာရေး ကျွမ်းကျင်ပညာတွေကတော့ ပြည်တွင်း မှာ ရောဂါဖြစ်ပွားမှု အရည်အတွက်ဟာ ၂၆၀ဝ၀ ကနေ ၇၅၀ဝ၀ လောက်အထိ ရှိနေနိုင်ပြီး တိုင်းပြည်ရဲ့ ဘယ်နေရာမှာဆို ဖြစ်ပွား နေနိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။

အဲ့ဒီလို စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ မျော်လင့်ချက်နဲ့ လူနာတွေကို သီးခြားခွဲထားနိုင်မယ့် ကြီးမားကျယ်ဝန်းတဲ့ ကစားကွင်းတွေနဲ့ အစည်း အဝေးခန်းမကြီးတွေကိုလည်း အာဏပိုင်တွေက ပြင်ဆင်ထားမှုတွေ လည်း ရှိနေတာပါ။

ဒီအခြေအနေမှာပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ COVID-19 ရောဂါ တိုက်ဖျက်ရေးတွေမှာ ကူညီဖို့နဲ့ အကြံပေးနိုင်ဖို့ တရုတ်အစိုးရက စေလွှတ်ခဲ့တဲ့ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့လည်း တနဂင်ေ္နွနေ့က မနီလာမြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အခုရောက်ရှိလာတဲ့ တရုတ်ဆေးပညာရှင်အဖွဲ့မှာ ကူးစက် ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ၊ ဓာတ်ခွဲခန်း စစ်ဆေးမှုဆိုင်ရာ ပညာရှင်တွေ အဓိက ပါဝင်နေတာပါ။

ဒီအဖွဲ့နဲ့အတူ ခွဲစိတ်ကုသရာမှာ အသုံးပြုတဲ့ ၃၀ဝ,ဝဝဝ၊ N95 မျက်နှာဖုံး ၃၀,ဝဝဝ နဲ့ ဆေးဘက်ဆိုင်ရာ အကာအကွယ်ဝတ်စုံ PPE အစုံ ၅၀ဝ၀ ကိုတလည်း တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံကို ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက သူ့ရဲ့ လစာ တစ်လစာကို Coronavirus (ကိုဗစ်-၁၉) ရောဂါတိုက်ဖျက်ရေး နိုင်ငံတော် ရန်ပုံငွေအဖြစ် ထည့်ဝင်လှူဒါန်း လိုက်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ လစာ တစ်လစာ ဖိလစ်ပိုင် ပီဆို 400,000 (အမေရိကန် ဒေါ်လာ ၇၈၈၈ ဒေါ်လာ) (မြန်မာကျပ်ငွေ သိန်း ၁၁၀) ကျော်နဲ့ ညီမျှတဲ့ ငွေ ပမာဏ ရှိနေတာပါ။

ဒါအပြင် သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကလည်း လစာရဲ့ ၇၅ ရာခိုင်နှုန်းကို အခု ဧပြီလက စပြီး ဒီဇင်ဘာလအထိ လျှော့ချယူဖို့ ကတိပြုထားကြပါတယ်။

အလားတူ သမ္မတရုံး၊ ဥပဒေအကြံပေးရုံး၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးတွေက အတွင်းရေးမှူးတွေနဲ့ လက်ထောက်အတွင်းရေးမှူးအပါအဝင် အရာရှိအားလုံး ကလည်း သူတို့ရဲ့ ဧပြီလ လစာတွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ဆန္ဒအလျောက်ထည့် ဝင်လှူဒါန်းခဲ့ကြတာပါ။

နိုင်ငံသမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစိုးရဝန်ထမ်း အရရှိတွေသာမက အစောပိုင်းကလည်း ဖိလစ်ပိုင် အောက်လွှတ်တော် ဥပဒေပြုအမတ် ၂၀ဝ ကလည်း အစိုးရရဲ့ ရောဂါတုံ့ပြန်မှုအတွက် မေလအတွက် သူတို့ လစာအားလုံးကို လှူဒါန်းဖို့ သဘောတူမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

အခုရရှိတဲ့ ရန်ပံငွေတွေကို ရောဂါကူးစက်ပျံ့နှံ့မှုကိုတားဆီးနိုင်ဖို့ မတ်လ ၃၀ ရက်နေ့က စတင်ပြီး ချမှတ်ခဲ့တဲ့ အရေးပေါ်အခြေအနေနဲ့ ဝင်ထွက်သွားလာမှု ပိတ်ပင်တဲ့ Lockdown အပါဝင် စောင့်ကြည့်မှု Quarantine ခံခဲ့ကြရလို့ ထိခိုက်ခဲ့တဲ့ မိသားစုတွေအတွက် လူမှုရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအစီအစဉ် အဖြစ် အသုံးပြု သွားဖို့ ရှိနေတာဖြစ်ပါတယ်။

မနီလာမြို့တော်အပါအဝင် မြို့တော်ကြီးတွေမှာ ဝင်ထွက်သွား လာမှုကို ပိတ်ပင်ကန့်သက်ထားတဲ့ Lockdowns ချမှတ်ထားတဲ့ အရေးပေါ်အခြေအနေ ကြေငြာထားမှုကလည်း ဧပြီလ ၁၄ ရက်နေ့မှာ ပြည်မြောက်တော့မှာ ဖြစ်ပေမယ့် ရက်သက်တမ်းတိုးမြှင့် သတ်မှတ်နိုင်တယ်လို့လည်း ဖိလစ်ပိုင်က လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတာပါ။

ဒီအခြေအနေမှာပဲ ရောဂါကူးစက်မှု ထိန်းချုပ်ရေး Quarantine ချမှတ်မှုကို လိုက်နာဖို့ ငြင်းဆန်တဲ့ အရပ်သားတွေက ကျေးရွာအာဏာ ပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြတာပါ။

အဲ့ဒီနောက် ကြာသာပတေးနေ့က အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖိလစ်ပိုင်ရဲက ပစ်သတ်ခဲ့တဲ့ အကြောင်းကိုလည်း ဖိလစ်ပိုင်က လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတဲ့ အကြောင်း စုစည်း တင်ဆက်ပေး လိုက်ရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)