
0
32





             CVT Myanmar




             CVT Myanmar



CVT Myanmar က ကျွမ်းကျင်သင်တန်းဆင်းတွေထဲက နည်းပြ ပြန်တက်လိုသူတွေကို ခွင့်ပြု


အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း (CVT Myanmar)ကနေ ကျွမ်းကျင်သင်တန်းဆင်းပြီး သူတွေထဲက နည်းပြသင်တန်း ပြန်လည်တက်ရောက်လိုပါက တက်ရောက်ခွင့်ပြုထားတယ်လို့ ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။


CVT Myanmar အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်းမှာ သင်တန်း ၃ နှစ် တက်ရောက်ပြီးတဲ့ ကျွမ်းကျင်အဆင့်သင်တန်းသားတွေကို နည်းပြအဖြစ် ပြန်လည်တက်ရောက်ခွင့်ပေးထားပါတယ်။


ဒီသင်တန်းကျောင်းကနေ ထူးချွန်တဲ့သင်တန်းသားတွေတင်မကဘဲ သင်တန်းဆင်း ပြီးသွားတဲ့ သင်တန်းသားတွေပါ နည်းပြသင်တန်းကို ၃လ တက်ရောက်ခွင့်ရှိတယ်လို့ CVT Myanmar ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။


Soundbite ;ဒေါ်ခင်မြတ်စန္ဒာ(အမှုဆောင်အရာရှိချုပ်)
CVT Myanmar


အဲဒီနည်းပြသင်တန်းမှာ ကျောင်းသားတွေကို သင်တန်းပေးတဲ့အခါမှာ သင်ကြားရမယ့် နည်းလမ်းတွေ၊ ရေးဆွဲမယ့် သင်ရိုးညွှန်းတန်းပုံစံ စတဲ့သီအိုရီပိုင်းတွေတင်မဟုတ်ဘဲ လက်တွေ့ပိုင်းကိုပါ စစ် ဆေးတာဖြစ်တယ်လို့ ပြောပါတယ်။


လက်တွေ့ပိုင်းနဲ့ပတ်သက်ပြီး တက်ရောက်သူတွေကို သင်တန်းဆင်းခါနီး တစ်လအလိုမှာ ကလေးတွေကို ပြန်သင်ပြခိုင်းတာကြောင့် သင်ကြားပုံနည်းစနစ်တွေနဲ့ နည်းလမ်းတွေမှန်ကန်လားဆိုတာ ပြန်စစ်ဆေးနိုင် သလို အရည်အချင်းရှိ၊ မရှိကို တိုက်ရိုက်မြင်နိုင်မှာဖြစ်တယ်လို့လည်းပြောပါတယ် ။


Soundbite ;ဒေါ်ခင်မြတ်စန္ဒာ(အမှုဆောင်အရာရှိ)
CVT Myanmar
ဒါ့အပြင် အရည်အချင်းပြည့်မီတဲ့ နည်းပြတွေကို ပြည်နယ် Project တွေက အကူအညီတောင်းခံလာတဲ့အခါ သက်ဆိုင်ရာ ကဏ္ဍက နည်းပြဆရာတွေနဲ့ ကျွမ်းကျင်အဆင့် ပညာရှင်တွေ ပူးပေါင်းပြီး သင်တန်းတွေ ပေးသွားမယ်လို့ ပြောပါတယ်။
လက်ရှိ နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်သူ ပရိဘောဂပိုင်းမှာ ဆရာ ၃ ဦး၊ Electrician ပိုင်းမှာ ၄ ဦးနဲ့ ဟိုတယ်ပိုင်းဆိုင်ရာမှာ ၂ ဦး ရှိတယ်လို့ ပြောပါတယ်ရှင်။