Connent to Learn အစီအစဉ်အနေ နဲ့ မြန်မာနိုင်ငံက ကျောင်းသား ၂၁၀၀၀ကို သင်ကြားပေးဖို့ရှိနေ

0
2325

မြန်မာနိုင်ငံက ကျောင်းသား ၂၁၀၀၀ကို ၂၀၁၇ခုနှစ် နှစ်ဦးပိုင်းမှာ Connent to Learn အစီအစဉ်အနေ နဲ့ သင်္ချာ၊ ဒေသသုံးဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားစတာတွေ သင်ကြားပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ဒီအစီအစဉ်ကို Ericsson ဆက်သွယ်မှုနည်းပညာနဲ့ ဝန်ဆောင်မှုလုပ်ငန်းက ဆောင်ရွက် သွားမှာပါ။ ဒီအစီအစဉ်အတွက် စာသင်ကျောင်း ၃၁ ကျောင်းက ဆရာဆရာမပေါင်း ၁၅၅ ဦးကို စာသင်ခန်းအတွင်း ကျောင်းသားတွေကို ICT နည်းပညာများ အသုံးပြုကာ စာသင်ကြားခြင်း၊ အင်တာနက်အခြေပြု လေ့လာသင်ယူမှုတွေကို ပိုမိုလုပ်ဆောင်လာနိုင်မယ်လေ့ကျင့်သင်ယူမှု ပထမအဆင့် အောင်မြင်ပြီးစီးသွားပြီဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Ericssonနဲ့ UK Department for International Development’s (DFID) Girls’ Education Challenge တို့ပူးပေါင်းအကောင်အထည် ဖော်ထားတဲ့ စီမံကိန်းတစ်ရပ်ဖြစ်ပါတယ်။