COC လက္မွတ္ေရးထိုးထားတဲ႔ ေအဂ်င္စီေတြသာ ဂ်ပန္အလုပ္သမားပို႔ေဆာင္ ရေတာ႔မယ္ (႐ုပ္/သံ)

0
736

ေအဂ်င္စီေတြ လိုက္နာရမယ့္က်င့္ဝတ္ (Code of Conduct) လက္မွတ္ေရးထိုးထားတဲ႔ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီေတြကိုသာ ဂ်ပန္ႏိုင္ငံက ခြင့္ျပဳေတာ့မယ္လို႔ ျမန္မာျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျပည္ပအလုပ္အကိုင္ ေအဂ်င္စီေတြ လိုက္နာရမယ့္ က်င့္ဝတ္(Code of Conduct ) လက္မွတ္ေရးထိုးထားတဲ႔ ျပည္ပအလုပ္အကိုင္ေအဂ်င္စီေတြသာ အလုပ္သမားေစလႊတ္ရေတာ့မွာ ျဖစ္ပါတယ္။

အခုလက္ရွိမွာ ဂ်ပန္ႏိုင္ငံက Code of Conduct လက္မွတ္ေရးထိုးထားတဲ႔ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီေတြကိုသာ ခြင့္ျပဳေတာ့မယ္လို႔ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္က မတ္လ ၂၃ ရက္ေန႔ ရန္ကုန္ၿမိဳ႕ Inya Lake ဟိုတယ္မွာ ျပည္ပအလုပ္အကိုင္ ေအဂ်င္စီေတြ လိုက္နာရမယ့္ က်င့္ဝတ္(Code of Conduct ) လက္မွတ္ေရးထိုးတဲ႔ အခမ္းအနားမွာ ေျပာဆိုခဲ႔တာပါ။

Soundbite – ဦးပီတာညႊန္႔ေမာင္ (ဥကၠဌ) ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ (MOEAF)

အခုလို ျပည္ပအလုပ္အကိုင္ေအဂ်င္စီေတြ လိုက္နာရမယ့္က်င့္ဝတ္ (Code of Conduct ) ကို လက္မွတ္ေရးထိုးလိုက္တဲ႔အတြက္ လုပ္သားေဈးကြက္အသစ္ေတြ ရရွိႏိုင္မွာျဖစ္သလို အျခားအခြင့္အလမ္း ေတြလဲ ရရွိႏိုင္မွာ ျဖစ္တယ္လို႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနက ေျပာပါတယ္။

Soundbite – ဦးေအာင္ေက်ာ္စိုး (လက္ေထာက္ညႊန္ၾကားေရးမွဴး) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

အရင္က ေအဂ်င္စီေတြ လိုက္နာရမယ့္က်င့္ဝတ္ (Code of Conduct ) ကို လက္မွတ္ေရးထိုးခဲ႔တဲ႔ ျပည္ပ အလုပ္အကိုင္ေအဂ်င္စီေတြ ၁၁၇ ခုရွိခဲ႔ၿပီး မတ္လ ၂၃ ရက္ေန႔မွာ ၈၁ ခု လက္မွတ္ေရးထိုးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အေဂျင်စီတွေ လိုက်နာရမယ့်ကျင့်ဝတ် (Code of Conduct) လက်မှတ်ရေးထိုးထားတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကိုသာ ဂျပန်နိုင်ငံက ခွင့်ပြုတော့မယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်ဝတ်(Code of Conduct ) လက်မှတ်ရေးထိုးထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေသာ အလုပ်သမားစေလွှတ်ရတော့မှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ဂျပန်နိုင်ငံက Code of Conduct လက်မှတ်ရေးထိုးထားတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကိုသာ ခွင့်ပြုတော့မယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က မတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်ဝတ်(Code of Conduct ) လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

Soundbite – ဦးပီတာညွှန့်မောင် (ဥက္ကဌ) မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)

အခုလို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ လိုက်နာရမယ့်ကျင့်ဝတ် (Code of Conduct ) ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် လုပ်သားဈေးကွက်အသစ်တွေ ရရှိနိုင်မှာဖြစ်သလို အခြားအခွင့်အလမ်း တွေလဲ ရရှိနိုင်မှာ ဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။

Soundbite – ဦးအောင်ကျော်စိုး (လက်ထောက်ညွှန်ကြားရေးမှူး) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အရင်က အေဂျင်စီတွေ လိုက်နာရမယ့်ကျင့်ဝတ် (Code of Conduct ) ကို လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေ ၁၁၇ ခုရှိခဲ့ပြီး မတ်လ ၂၃ ရက်နေ့မှာ ၈၁ ခု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။