လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး စနောက်တာတွေဟာ အင်မတန်သေးသိမ် ယုတ်ညံ့စရာ ဖြစ် (ရုပ်/သံ)

https://www.youtube.com/watch?v=KbEiJF5ejws တက္ကသိုလ်ကျောင်းတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာတွေ ရှိနေပြီး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်တွေထက် အခြေခံပညာစာသင်ကျောင်းတွေကစပြီး လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာတွေလုပ်ဖို့လိုတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းကပြောပါတယ်။

မီဒီယာတွေ အသုံးချခံမဖြစ်ဖို့ မြန်မာ့မီးရထားတာဝန်ရှိသူက သတိပေး (ရုပ်/သံ)

https://www.youtube.com/watch?v=Q5YQUgOdkRg ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မီဒီယာတွေနဲ့ ဖြေကြားမှုမရှိဘဲ သတင်းမီဒီယာတစ်ခုမှာ သတင်းအကြောင်းအရာတစ်ခုပါလာတဲ့အတွက် မီဒီယာတွေ အသုံးချခံမဖြစ်ဖို့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက သတိပေးလိုက်ပါတယ်။

အခင်းတစ်ခုဖြစ်ရင် သတင်းသွားယူရမယ်ဆိုတာက သတင်းစာပညာရဲ့ အခြေခံအကျဆုံးဖြစ်တယ် (ရုပ်/သံ)

https://www.youtube.com/watch?v=WLuAqO8tMao ရခိုင်ကအခင်းဖြစ်ပွားတဲ့ နေရာတွေကို အစိုးရကပေးမဝင်ဘူး အဲ့ဒါကြောင့်ဒီလိုပြသနာတွေဖြစ်တယ် ပြသနာတွေဖြစ်တဲ့အတွက် အစိုးကိုသံသယဝင်တယ် လို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ ဝင် သာလွန်ဇောင်းထက်ကပြောပါတယ်။

ရခိုင်ဒေသမှာ သတင်းသမားတွေ တိုင်ပင်ဆွေးနွေးလို့ရမယ့် နေရာတွေ ထားပေးမယ်ဆိုရင် ကောင်းတယ်

အစိုးရနဲ့ စစ်တပ်က သတင်းမီဒီယာကို ဂရုမစိုက်ဘူး စိတ်လည်းမဝင်စားခဲ့ဘူး အဲဒီအကျိုးဆက်ကို ဒီနေ့ခံစားနေရပြီလို့ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူက ပြောပါတယ်။ https://www.youtube.com/watch?v=U-oMzHCxNvs&feature=youtu.be

စည်ပင်သာ ယာရေး ကော်မတီကို စီးပွားရေးဆိုင်ရာ အဖွဲ့ပုံစံ နဲ့ဘာကြောင့်ပြောင်းလဲ ရသလဲ(ရုပ်/သံ)

https://www.youtube.com/watch?v=vuBTUirBz2k ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ၂၀၁၈ခုနှစ်အတွင်းမှာ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းပုံစံအဖြစ်ပြောင်းလဲရပ်တည်သွားဖို့ရှိပြီးလွှတ်တော်က ပြင်ဆင်ပယ်ဖျက်နိုင်တယ်လို့ဝန်ကြီးချုပ်ဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။

သတင်းမီဒီယာလောက အတွက်အခုချိန်ဟာ စိန်ခေါ်မှုအများဆုံးဖြစ် (ရုပ်/သံ)

https://www.youtube.com/watch?v=7vnTsgPUyK4 အမှန်တရားတွေကို ဖော်ထုတ်ရေးသားဖို့ကြောက်နေရင် သတင်းလောကထဲက ထွက်သွားတာအကောင်းဆုံးပဲ လို့ Frontier Myanmar တည်ထောင်သူ ဦးဆန်နီဆွေက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်တာဝေဖန်နေတဲ့ အပေါ်သူတို့အမြင် (ရုပ်/သံ)

ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံ ချိတ်ဆွဲမှုကို ဝေဖန်နေတဲ့အပေါ် ဒေါ်သန်းမြင့်အောင်ရဲ့ အမြင်ကို အခုလို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ https://www.youtube.com/watch?v=nUTMr08657k

ပြည်ထောင်စုနေ့ တက်ရောက်ခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံ (ရုပ်/သံ)

https://www.youtube.com/watch?v=foO0ruHv0Ek (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့မှာ တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ လက်နက်ကိုင်တွေ အနေနဲ့ တကယ်ရော ငြိမ်းချမ်းလိုစိတ်ရှိရဲ့လားလို့မေးခွန်းထုတ်လိုက်ပါတယ်။

အမျိုးသမီးတွေ လူသတ် အဓမ္မကျင့်ခံနေရတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့သဘောထား

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက FDI က ၀န်ထမ်းအမျိုးသမီးတစ်ဦးကို အငှားယာဉ်မောင်းတစ်ဦးက ရက်စက်စွာ အဓမ္မပြုကျင့်ပြီး လူသတ်အလောင်းဖျောက်ခဲ့တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုလူမဆန်တဲ့ ပြစ်မှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး လူ့အသိုင်းအ၀ိုင်းအတွင်းမှာ ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပြီး ပြည်သူတွေရဲ့ သဘောထားအမြင်တွေကို မေးမြန်းတင်ဆက်ပေးထားပါတယ်။ https://www.youtube.com/watch?v=nEkAmGpizGk

ဖမ်းဆီးခံသတင်းသမား(၂) ဦးနဲ့ပတ်သက်ပြီး Kate Webb ဆုရှင်ကိုမြတ်ကျော်သူဘာပြောလဲ

https://www.youtube.com/watch?v=8pm6q7_MDwk Kate Webb ဆုရရှိတာနဲ့ပတ်သက်ပြီး သတင်းသမားတွေဘက်မှာ နိုင်ငံတကာက အသိအမှတ်ပြုရပ်တည်လာပြီလို့လည်း သုံးသပ်ပြောဆိုထားပါတယ်။

LATEST NEWS