fbpx

သတင်းထောက် အသတ်ခံရမှု ၃ နှစ်ကြာတဲ့အထိ တရားခံ မဖမ်းနိုင်တဲ့အပေါ် ရဲတပ်ဖွဲ့ကို ဝေဖန်

မုံရှာသတငြးထောကြ ကိုစိုးမိုးထှနြး အသတခြံရတာ ၃ နှဈပှည့ခြဲ့ပမယေ့ြ အမှုမှနဖြေါထြုတနြိုငခြှငြးမရှိတာကှောင့ြ ဒသခေံတှနေဲ့ သတငြးမီဒီယာသမားတှကေ ရဲတပဖြှဲ့ရဲ့ လုပဆြောငခြကွတြှအပေေါြ ဝဖနေမြှုတှေ ရှိနတော ဖှဈပါတယြ။ https://www.youtube.com/watch?v=qETVeVpOUCE&feature=youtu.be

ကလေးသူငယ်တွေ မှုခင်းဖြစ်ခဲ့ရင် နားမလည် အပြစ်မရှိဘူးလို့ ဒေါက်တာဝင်းမြတ်အေးပြော

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်လာရင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို သေသေချာချာလေ့လာဖို့ လိုအပ်ကြောင်းနဲ့ ကလေးသူငယ်တွေ မှုခင်းဖြစ်ခဲ့ရင် အပြစ်မရှိ၊ နားမလည်တာပဲရှိပြီး၊ လူကြီးတွေကတော့ သိရက်နဲ့ ကျူးလွန်ကြတာလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့...

မြေနုကျွန်းအရေး တရားမျှတမှု ဖြစ်စေချင်

ကျေးရွာ နှစ်ရွာ မြေနုကျွန်းအငြင်းပွားမှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မျိုးတွေကို မေ့ပျောက်ဖို့ ခက်ခဲပြီး တရားမျှတမှု ဖြစ်စေချင်တယ်လို့ ဖရဲကျွန်းကျေးရွာဒေသခံ ဒေါ်ဝါဝါလွင်က ပြောပါတယ်။ https://www.youtube.com/watch?v=A8kB0jLt6lg&feature=youtu.be

ဗစ်တိုးရီးယားအမှုကိစ္စမှာ ပြည်ထဲရေးက ပွင့်လင်းလင်းမြင်သာမှု ရှိဖို့လို

နေပြည်တော်ရှိ Wisdom Hill ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်ခံရမှုအရေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းရာမှာ ပြည်ထဲရေးရဲ့ ရှင်းလင်းချက်တွေက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ justice for victoria လှုပ်ရှားသူ ဒေါက်တာအောင်ထိုက်မင်းက ပြောပါတယ်။

လွတ်လပ်ပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့လို

တရားဥပဒေစိုးမိုးဖို့၊ တရားမျှတဖို့၊ ပြည်သူတွေအတွက် လွတ်လပ်ပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့ justice for victoria လှုပ်ရှားသူ ကိုကြည်မင်းဟန်က ပြောပါတယ်။

ကျော်ဇင်ဝင်းလိုထပ်မဖြစ်အောင် ပြည်သူတွေ အသိရှိဖို့လို

အကြောင်းအရာတစ်ခုဖြစ်ပြီဆိုရင် အကြောင်းအရာတစ်ခုရဲ့ ဇာတ်မြစ်ကို သေချာသိအောင်လုပ်ဖို့လိုအပ်ပြီး လူတစ်ယောက်တည်းက အပြစ်ပုံတာမဟုတ်ဘဲ အဖြစ်မှန်ကို ဖော်ထုတ်ကာ နောက်တခါ အလားတူဖြစ်ရပ်မဖြစ်ပေါ်အောင် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မိတ်ကပ်ပညာရှင် စည်သူဝင်းက ပြောပါတယ်။ https://www.youtube.com/watch?v=EiDvCKQA6Gg&feature=youtu.be

စားဝတ်နေရေးကျပ်တည်းတာကို မဖြေရှင်းဘဲ မီတာခ တိုးမြှင့်တာက ပိုမိုကျပ်တည်း လာနိုင်

ကုန်ဈေးနှုန်းတွေမြှင့်တက်လာပြီး စားဝတ်နေရေးကျပ်တည်းလာတဲ့အပေါ် တစ်စုံတစ်ရာ ဖြေရှင်းခြင်းမရှိဘဲ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူတွေ ပိုမိုကျပ်တည်းလာမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်ဆန်းက ပြောပါတယ်။ https://www.youtube.com/watch?v=rOXPChPhbcc&feature=youtu.be

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာက ပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်

ကုန်ဈေးနှုန်းတွေတက်နေပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေချိန်မှာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာက ပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) က ပြောပါတယ်။ https://www.youtube.com/watch?v=83qUNR8YzFQ&feature=youtu.be

မယ်ခွေကဗျာ သင်ရိုးကနေဖယ်ရှားလိုက်တာကို ကဗျာဆရာများသမဂ္ဂကန့်ကွက်

မယ်ခွေကဗျာကို အဋ္ဌမတန်း (Grade-9) ကနေ ဖယ်ရှားလိုက်တာကို မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂက ကန့်ကွက်ကြောင်းပြောဆိုပြီး ဌာနဆိုင်ရာက တာဝန်ရှိသူတွေအနေနဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ဘယ်ကိစ္စမရှိ စဉ်းစား ဆင်ခြင်သုံးသပ်ပြီးမှလုပ်သင့်တယ်လို့ မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂ နာယက သစ္စာနီက ပြောပါတယ်။

ကိုယ့်အချင်းချင်း အသိမဲ့တိုက်ခိုက်နေကြတာ တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်လို့ ဦးသန်းဌေး ဆို

မုဆိုးရဲ့လှည့်ကွက်ကိုမမြင်ဘဲ သားကောင်ဖြစ်တဲ့ နိုင်ငံသားတွေ အချင်းချင်း မိတ်ဆွေကိုရန်သူထင် ရန်သူကို ကယ်တင်ရှင်လို့ထင်ပြီးတော့ ကိုယ့်အချင်းချင်း အသိမဲ့တိုက်ခိုက်နေကြတာ တိုင်းပြည်အတွက် အလွန် အလွန့်အန္တရာယ်ကြီးတယ်လို့ ယူဆပါတယ်။ https://www.youtube.com/watch?v=gLhccKfkd_s&feature=youtu.be

Latest news