fbpx

ပုဒ်မ ၂၆၁ ပြင်ဆင်ရေး NLD လက်ခံလာအောင် ဘယ်လို လုပ်ရင် ရနိုင်မလဲ

❖ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းကို တင်သွင်းခဲ့စဉ်က ၂၅ % သော တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲ မပါ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲနဲ့ ဒေသဆိုင်ရာ ဝန်ကြီးချုပ်တွေကို ရွေးချယ်တင်မြှောက်နိုင်တယ်ဆိုတဲ့ အချက်မျိုး ပါဝင်ခဲ့သင့်တယ်လို့ ပြည်သူ့ပါတီက...

ပုဒ်မ ၂၆၁ မပြင်ပေးနိုင်ရင် NLD ရဲ့ ဖက်ဒရယ်အပေါ် တိုင်းရင်းသားတွေ မေးခွန်းထုတ်ကြလိမ့်မယ်

❖ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ခန့်အပ်ရေးဆိုင်ရာ အခြေခံဥပဒေပုဒ်မ ၂၆၁ ကို မပြင်ပေးနိုင်ရင် NLD ပါတီရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတာ ဒါလားဆိုတဲ့ မေးခွန်းမျိုး တိုင်းရင်းသားတွေဘက်က မေးလာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမြအေးက ပြောကြားလိုက်ပါတယ်။

NLD ရဲ့ ခြေ/ဥ ပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေ “နတ်ကရာ ကျီးမော” မနေကြဖို့လို

❖ NLD ပါတီရဲ့ ဘာမှမဟုတ်တဲ့ လွှတ်တော်တွင်း ခြေ/ဥ ပြင်ဆင်ရေး ငြင်းခုန်မှုတွေမှာ တိုင်းရင်းသားတွေအနေနဲ့ “နတ်ကရာ ကျီးမော” မနေကြပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်မဲဆန္ဒနယ်အားလုံး အနိုင်ရအောင် ဆောင်ရွက်ကြဖို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

NLD ပါတီရဲ့ ၂၆၁ ကန့်ကွက်မှု တိုင်းရင်းသားတွေကို နိုင်ငံရေးစေတနာ မရှိတာဟုဆို

❖ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ပြည်ထောင်စုလွှတ်တောင် တပ်မတော်က အခြားပါတီတွေနဲ့ ပေါင်းပြီး ၂၅ + ၂၆ နဲ့ အစိုးရဖွဲ့စည်းခွင့်ရှိနေတဲ့ ၂၀၀၈ ခြေ/ဥရဲ့အောက်မှာ ပုဒ်မ ၂၆၁ ပြင်ဆင်မှုကြောင့် ပြည်နယ်ဝန်ကြီးချုပ်ကို တပ်က ရသွားနိုင်မယ်ဆိုတဲ့ NLD ပါတီရဲ့...

နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာတော့မယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

❖ UPDJC အစည်းအဝေးရဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြင်ဆင်ချက်တွေကို အခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာတော့မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်ပါတယ်။

၁၈ ကြိမ်မြောက် UPDJC အစည်းအဝေးကနေ သဘောတူညီချက်တွေ ရဖို့ ခက်ခဲလိမ့်မယ်

❖ ၁၈ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကနေ မယ်မယ်ရရ သဘောတူညီချက်တွေ ရရှိဖို့ ခက်ခဲလိမ့်မယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာဦးမောင်မောင်စိုးက သုံးသပ်ပြောကြားလိုက်ပါတယ်။ ❖ ဒီအစည်းအဝေးအတွင်း ပြည်ထောင်စုသဘောတူစာချုပ်...

ရာနှုန်းပြည့် လိုချင်တာ ရမှ ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ မရ ဟုဆို

❖ ရာနှုန်းပြည့် တစ်ရာ ရာခိုင်နှုန်း လိုချင်တာ ရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ ရနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ❖ ဒါ့အပြင်...

ငြိမ်းချမ်းဖြစ်စဉ်ကို အခွင့်အာဏာသက်တမ်းနဲ့ ချိတ်ဆက်စဉ်းစားပြီး မလုပ်ကြဖို့ပြောကြား

❖ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မိမိရဲ့ အခွင့်အာဏာသက်တမ်း ရာထူးသက်တမ်းလို အချိန်ကာလ သတ်မှတ်ချက်မျိုးနဲ့ နှိုင်းယှဉ်စဉ်းစားတဲ့ နိုင်ငံရေးမျိုးနဲ့ ချိတ်ဆက်စဉ်းစားပြီး မလုပ်ဆောင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ❖ ဒါကြောင့် NLD...

ခြေ/ဥ ပြင်ဆင်ရေး လွှတ်တော်တွင်းက တရားဝင် အပုတ်ချပွဲကြီး အာဃာတတွေနဲ့ပဲ ပြီးဆုံးသွားမယ်

❖ လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ နိုင်ငံသိ လူသိရှင်ကြား တရားဝင် အပုတ်ချပွဲကြီး အပြန်အလှန် အာဃာတတွေနဲ့ပဲ ပြီးဆုံးသွားမယ်လို့ တပ်မတော်အရာရှိဟောင်း မြန်မာ့နိုင်ငံရေး‌ လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။ ❖ အပြည့်အစုံကို MCN သတင်းဌာနနဲ့...

ခြေ/ဥ ပြင်ဆင်ရေးနဲ့အတူ တည်ဆဲဥပဒေတွေအရ လူ့အခွင့်အရေးတွေကို မချိုးဖောက်ကြဖို့

❖ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေကနေတဆင့် လူ့အခွင့်အရေးကို အကာကွယ်ပေးနိုင်မယ့် ဥပဒေမျိုးအဖြစ် ပေါ်ပေါက်လာစေချင်ပေမယ့် ဖြစ်နိုင်ချေ နည်းပါးလှတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဦးမျိုးဝင်းက ပြောကြားလိုက်ပါတယ်။ ❖ ဒီလိုပြောကြားရာမှာတော့ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်း ဆောင်ရွက်နေကြသလို...

Latest news