fbpx
Home အစီအစဉ်များ ၂၀၂၀ ခုနှစ်အတွက် ကြိုတင်ဟောကိန်း

၂၀၂၀ ခုနှစ်အတွက် ကြိုတင်ဟောကိန်း

Adumbration For 2020

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြည်မအပြင် ပြည်နယ် မဲဆန္ဒနယ်အချို့မှာပါ နိုင်ချေရှိ

❖ နိုင်ငံတကာ တရားရုံး ICJ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင် ဖြေရှင်းခဲ့မှုကြောင့် NLD ပါတီအနေနဲ့ ပြည်မအပြင် ပြည်နယ် မဲဆန္ဒနယ် အချို့မှာပါ အနိုင်ရရှိ နိုင်ချေ ရှိလာတယ်လို့ ဝါရင့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာကျော်ဝင်းက သုံးသပ်...

၂၀၂၀ ရွေးကောက်ပွဲမှာ AA အနေနဲ့ နိုင်ငံရေးအရ ကွဲပြားချက်ကို ခဏထားပြီး ပူးပေါင်းဆောင်ရွက်ဖို့လို

❖ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားတွေ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ အနိုင်ရရှိအောင် ရက္ခိုင့်တပ်တော် AA အနေနဲ့ တခြားနိုင်ငံရေးအရ ကွဲပြားချက်တွေကို ခဏထားပြီး အားပေးသင့်တယ်လို့ ပြည်သူ့ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးရဲနိုင်အောင် (ခ) ကိုဝက တိုက်တွန်းပြောကြားလိုက်ပါတယ်။

လူသတ်ဝါဒကျင့်သုံးနေတဲ့ AA နဲ့ ARSA ကို စစ်ရဲတပ်ရင်းတွေဖွဲ့စည်းကိုင်တွယ်ဖို့တိုက်တွန်း

❖ လူသတ်ဝါဒ ကျင့်သုံးနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဒေသခံ ရခိုင်နဲ့ ဘင်္ဂါလီတွေပါဝင်တဲ့ အရေးပေါ် စစ်ရဲတပ်ရင်းတွေကို ဥပဒေပြု ဖွဲ့စည်းပြီး ပျက်သားစွာကိုင်တွယ်မှ အမြစ်ပျက်လိမ့်မယ်လို့ တပ်မတော်အရာရှိ (ငြိမ်း) ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

ရခိုင်က မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ရင် ပါတီကြီးလွှမ်းမိုးမှု ဆက်ခံရမယ်

❖ ၂၀၂၀ ရွေးကောက်ပွဲမှာ နယ်မြေ မငြိမ်းချမ်းမှုကြောင့် ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် လွှတ်တော်နဲ့ အစိုးရကို နိုင်ငံရေးပါတီကြီးတွေကသာ လွှမ်းမိုး ချုပ်ကိုင်တာမျိုး ဆက်ဖြစ်လာလိမ့်မယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။

Victoria ကိစ္စ ရဲအရာရှိကြီးတွေကို နိုင်ငံတော်က တရားလိုပြုပြီး အရေးမယူတဲ့အပေါ်ဝေဖန်

❖ Victoria လေးနဲ့ မိဘတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရဲအရာရှိကြီးတွေကို ရာဇဝတ်ကျင့်ထုံးအရ နိုင်ငံတော်က တရားလိုပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဘာကြောင့် အရေးယူမှု မရှိသေးတာလဲလို့ တရားလွှတ်တော် ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က မေးခွန်းထုတ်လိုက်ပါတယ်။

Latest news

//dopansearor.com/4/3332295