Tuesday, November 19, 2019

ပြည်တွင်းသတင်း

ဝသန်ရုပ်ရှင်ပွဲတော်အတွက် ရုပ်ရှင်တွေ ဇွန်လနောက်ဆုံးထားပေးပို့ရမယ်

https://www.youtube.com/watch?v=1JHAMK4g2CE စက်တင်ဘာလမှာ ကျင်းပမယ့် ၀သန်ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြသမယ့် ရုပ်ရှင်ကား တွေကို ဇွန်လကုန်မှာ နောက်ဆုံးပေးအပ်ရမှာဖြစ်ပါတယ်။ ၀သန်ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ကားတွေထဲက စကာတင်ကားအဖြစ် ကားပေါင်း (၂၀)နီးပါးကို ရွေးချယ်လေ့ရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတိုနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရင်တော့ ကြာချိန် (၁၅)မိနစ်ထက် မကျော်လွန်ရဘဲ မှတ်တမ်း ရုပ်ရှင်က မိနစ်(၃၀)ထက် မပိုရပါဘူး။ အဲ့ဒီလို ရုပ်ရှင်ပွဲတော်တွေ ကျင်းပခွင့်ရလာတာကြောင့်...

Miss Asia Pacific World ဆုရှင် မေမြတ်နိုး မြန်မာနိုင်ငံကို ပြန်ရောက်

နိုင်ငံပေါင်း (၄၀) ကျော်က အလှမယ်တွေကို ကျော်ဖြတ်ပြီးတော့ Miss Asia Pacific World ပထမဆုကို မေမြတ်နိုးကရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Miss Asia Pacific World 2014 ပြိုင်ပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာကျင်းပခဲ့တာပါ။

အာဇာနည်ဗိမာန်ဗုံးခွဲတိုက်ခိုက်မှု ၃၁ နှစ်ပြည့်မြောက်

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးအဖြစ်လာရောက်လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူဝမ်(Chun Doo Hwan) ရဲ့ခရီးစဉ်အတွင်းအာဇာနည်ဗိမာန်မှာ ဖြစ်ပွားခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ရပ်ဟာ ၂၀၁၄ ခုနှစ်မှာဆိုရင်တော့ ၃၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေထက် ဆေးလိပ်သောက်သူ အဆမတန်ပိုများနေ

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ဆေးလိပ်သောက်သုံးသူ ရာခိုင်နှုန်း အစမတန်ပိုမိုများပြားနေတယ်လို့ အချက်အလက်ကိန်းဂဏန်းတွေကို ကိုးကားပြီး အထူးကု ဆရာဝန်ကြီး ဒေါက်တာတင့်တင့်ကြည်က ပြောကြားလိုက်ပါတယ်။

လူငယ်ရေးရာဝန်ကြီးဌာနသစ် ဖွဲ့စည်းဖို့ရှိနေ

ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လူငယ်ရေးရာဝန်ကြီးဌာနသစ်တစ်ခုကို ဖွဲ့စည်းဆောင်ရွက်သွားဖို့ရှိနေတယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် NLD တိုက်နယ် ဒုဥက္ကဌ သေနတ်နဲ့ ပစ်သတ်ခံရ

https://www.youtube.com/watch?v=w771tGIemWM ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းတိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ စိုင်းစံထွန်း အမည်မသိ လက်နက်ကိုင် လူတစ်စုရဲ့ သေနတ်နဲ့ ပစ်သက်တာကို ခံခဲ့ရပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် သဲဟေမန်မောင်က သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး (ဖိုးသား-တောင်ကြီး)၊ ဓာတ်ပုံ (ကိုတိုး-တောင်ကြီး)

ပထမဦးဆုံး အာဆီယံဒေသအဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်ကျင်းပဖို့ရှိ

https://www.youtube.com/watch?v=5qEhl7KL2TA မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ကျင်းပမယ့် အာဆီယံဒေသအဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်ကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမယ့်အကြောင်းကို MCN သတင်းထောက် နိုဗယ်ဘ်ဇော်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ရခိုင် နာရေးကူညီမှုအသင်းများ ရံပုံငွေဂီတဖျော်ဖြေပွဲ ရန်ကုန်မှာကျင်းပ

https://www.youtube.com/watch?v=lWwOPwYxeBQ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စလဲတိုက်နယ် နာရေးကူညီမှုအသင်း ရံပုံငွေဂီတဖျော်ဖြေပွဲကို တောင်ဥက္ကလာပ ကေသရာဇာအားကစားကွင်းမှာ ကျင်းပခဲ့တာပါ။ အဲဒီ အကြောင်းကို MCN သတင်းထောက် နဒီကိုက ပေးပို့ထားပါတယ်။

LATEST NEWS