Tuesday, November 19, 2019

နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာ ရုပ်မြင်သံကြားဌာနတွေကိုပါ ထိန်းချုပ်ထား

ထိုင်းနိုင်ငံမှာ အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ စစ်ဦးစီးချုပ်ပရာယုချန်အိုချာက အမိန့်ထုတ်ပြန်လိုက်ပြီး ရုပ်သံလွှင့်မီဒီယာတွေကိုလည်း ထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်းကို MCN သတင်းထောက် ဇွဲပိုင်ဦးက သတင်းပေးပို့ထားပါတယ်။

ကမ္ဘာကျော်မင်းသား တွမ်ခရုခ် အဓိက သရုပ်ဆောင်ထားတဲ့ Edge of Tomorrow ဇာတ်ကား

ဒီသီတင်းပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ မကြခင်မှာ ရုံတင်ပြသတော့မယ့် ကမ္ဘာကျော်မင်းသား တွမ်ခရုခ် အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Edge of Tomorrow ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားဟာ ကမ္ဘာကို ဂြိုဟ်သားတွေက ကျုးကျော်ခဲ့ပေမယ့် ကမ္ဘာရဲ့စစ်တပ်က ဂြိုဟ်သားတွေကို အနိုင်ရရှိအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို အခြေပြုပြီး တည်ဆောက်ထားတာပါ။ အဲဒီမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ တွမ်ခရုခ်က အရင်ခေတ်က စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဂြိုဟ်သားတွေကျုးကျော်လာတဲ့အခါမှာ အရေးပေါ်စစ်တာဝန်ကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ တွမ်ခရုခ်က အချိန်စက်ဝိုင်းထဲမှာ မတော်တဆ ပိတ်မိသွားပြီး သူ့ကို ဂြိုဟ်သားတွေက သတ်မိလိုက်တိုင်း စစ်ပွဲဖြစ်တဲ့နေရာကို ပြန်လည်ရောက်ရှိလာကာ ဂြိုဟ်သားတွေကို ဘယ်လိုတိုက်ခိုင်ရမလဲဆိုတာ ရှာဖွေတွေ့ရှိသွားပြီး အထူးတပ်ဖွဲ့တစ်ခုဖွဲ့ကာ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် လူသားတွေအနိုင်ရခဲ့သာဖြစ်ပါတယ်။ Edge of Tomorrow ကားက လူသားတွေနဲ့ ဂြိုဟ်သားတွေ တိုက်ခိုက်တဲ့ စစ်ပွဲကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ဆောင်မင်းသားက သူရဲ့နောက်ဆုံးတိုက်ပွဲမှာ အဲဒီ ရုပ်ရှင်ကားကို 3D နဲ့ရော 2 Dနဲ့ပါ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဒါရိုက်တာ ဒေါင် လီမန်း(Doug Liman )၊ အမျိုးသား သရုပ်ဆောင် တွမ်ခရု(Tom Cruise)၊ နော့ခ် တေလာ(Noah Taylor) အမျိုးသမီးသရုပ်ဆောင် အက်မလီ ဘလန့်(Emily Blunt) တို့က သရုပ်ဆောင်ထားပါတယ်။ ဂျပန် ၀တ္တုဖြစ်တဲ့ All you need is kill ဆိုတဲ့ ၀တ္တုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုရဲ့ မူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ(၃)သန်းနဲ့ဝယ်ယူခဲ့တာပါ။ (၂၀၁၀)ခုနှစ် နှစ်ကုန်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၇၅)သန်း ကုန်ကျခံကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Apple က ၀ါရင့် Rap အဆိုတော် ဒေါက်တာဒရေးဆီက အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံဖိုး ပစ္စည်းတွေဝယ်ယူ

Apple က ၀ါရင့် Rap အဆိုတော် ဒေါက်တာဒွေးရဲ့ အသံပိုင်းဆိုင်ရာပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံဖိုး ၀ယ်ယူလိုက်တဲ့အကြောင်းကိုလည်း နိုင်ငံတကာ သတင်း တစ်ပုဒ်မှာ အခုလို တွေ့မြင်ကြရဦးမှာ ဖြစ်ပါတယ်။

BlackBerry အင်ဒိုနီးယားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်

ကနေဒါနိုင်ငံ အခြေစိုက် BlackBerry နည်းပညာကုမ္ပဏီက အင်ဒိုနီးယားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အများလုပ်ဆောင်သွားမယ်လို့ အမှုဆောင် အရာရှိချုပ် ဂျွန်ချန်မ်းက ပြောကြားလိုက်တဲ့ အကြောင်းကိုလည်း ရှု့စားကြရဦးမှာဖြစ်ပါတယ်။

အီးယူက Google ကုမ္ပဏီကို တရားစွဲ

ဥပရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအကြောင်း ကိုယ်ရေးလျှို့ဝှက်ချက်တွေကို စုံစမ်းထောက်လှမ်းခဲ့တဲ့ Google ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။ ဒီအကြောင်းကိုလည်း နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ အခုလို တွေ့မြင်ကြရမှာပါ။

ကမ္ဘာကျော် ပြင်သစ်အနုပညာရှင် တစ်ဦးရဲ့ ပန်းချီပြပွဲကို ဖွင့်လှစ်

ကမ္ဘာကျော် ပြင်သစ်အနုပညာရှင် တစ်ဦးရဲ့ ပန်းချီပြပွဲကို ဖွင့်လှစ်လိုက်တဲ့သတင်းကို ရှုစားကြရမှာဖြစ်ပါတယ်။

Eurovision သီချင်းပြိုင်ပွဲမှာ မျက်နှာအမွှေးအမျှင်ရှိ အမျိုးသမီးအဆိုတော် အနိုင်ရ

ဥရောပ ဒေသအတွင်းရှိ နိုင်ငံတွေမှာ ကျင်းပလေ့ရှိတဲ့ Eurovision သီချင်းပြိုင်ပွဲမှာ မုတ်ဆိတ်မွေးနဲ့ အမျိုးသမီး အဆိုတော်တစ်ဦး အနိုင်ရရှိသွားတဲ့သတင်းကို တင်ဆက်ပေးပါ့မယ်။

မိုက်ကယ် ဂျက်စင်ရဲ့ အယ်လ်ဘမ်အသစ် အားပေးသူများပြား

ကမ္ဘာကျော် တေးသံရှင် မိုက်ကယ် ဂျက်စင်ရဲ့ အယ်လ်ဘမ်အသစ်နဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိဖို့ မျှော်လင့်နေတဲ့သတင်းကို တင်ဆက်ပေးလိုက်ပါတယ်။

LATEST NEWS