fbpx
Home သတင္း နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဂျော့ဂျ် ဖလွိုက် ဖမ်းဆီးချုပ်နှောင်ခံရစဉ် သေဆုံးမှု ဖမ်းဆီးတဲ့ ရဲအရာရှိကို လူသတ်မှုနဲ့ အမှုဖွင့်

အမေရိကန် ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မင်နာပိုလစ်မြို့မှာ အဖရိကန်-အမေရိကန် အမျိုးသားတစ်ဦးဖြစ်သူ ဂျော့ဂျ် ဖလွိုက်ကို ဖမ်းဆီးချုပ်နှောင်စဉ် အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရမှုမှာ တာဝန်ရှိသူ ရဲအရာရှိ ဒဲရက် ချော်ဗင်ကို မေလ ၂၉ ရက်နေ့က လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

IS အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့တဲ့ အမေရိကန် အမျိုးသမီး ထောင်ဒဏ် ချမှတ်ခံရ

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က အမျိုးသမီးတစ်ဦးဟာ IS အစ္စလာမ်အကြမ်းဖက်အဖွဲ့တွေ ဗုံးဖောက်ခွဲရာမှာ အသုံးပြုနိုင်ဖို့ ဆဲလ်ဖုန်းတွေ အရှေ့အလယ်ပိုင်း ဒေသဆေီ ပို့ဆောင်ပေးဖို့ ကြိုးပမ်းမှုနဲ့ မေလ ၂၉ ရက်နေ့က ထောင်ဒဏ် ၅ နှစ်နဲ့ ၁၀ လ ချမှတ်ခြင်း...

PPE ဝတ်စုံ ပြတ်လပ်မှုကြောင့် အင်္ဂလန်မှာ ဇွန်လအတွင်း သွားဆေးခန်းတွေ အကန့်အသတ်နဲ့သာ ကုမယ်

COVID-19 ရောဂါကြောင့် PPE အကာအကွယ်ဝတ်စုံတွေ ပြတ်လပ်နေတဲ့အတွက် အင်္ဂလန်နိုင်ငံမှာ သွားဆေးခန်းတွေက ပြန်လည်ဖွင့်လှစ်ပေမယ့် အကန့်အသတ်နဲ့ ကုသပေးမယ်လို့ အသိပေးထားပါတယ်။ အင်္ဂလန်မှာ သွားဆေးခန်းတွေဟာ သတ်မှတ်တဲ့ လုံခြုံစိတ်ချရမှုတွေကို လုပ်ပြီးပြီဆိုရင် ဇွန်လ ၈ ရက်နေ့ကစပြီး...

Kiss အဖွဲ့က ဂစ်တာသမား ဘော့ဘ် ကူးလစ် ကွယ်လွန်

အမေရိကန် ရော့ခ် တေးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Kiss ရဲ့ ဂစ်တာသမား ဘော့ဘ် ကူးလစ်ဟာ အသက် ၇၀ အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့ ညီဖြစ်သူက အတည်ပြုပါတယ်။ ဘော့ဘ်ရဲ့ ညီလည်းဖြစ်၊ Kiss အဖွဲ့ဝင်ဟောင်းလည်း...

Mask တွေ တကယ်မရှိဘဲ ဒေါ်လာ သန်း ၃၀၀ ကျော် ရောင်းဖို့ ကြိုးစားသူ အရေးယူခံရ

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်က အမျိုးသားတစ်ဦးဟာ ပြည်ပအစိုးရတစ်ရပ်ဆီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ တကယ်မရှိတဲ့ နှာခေါင်းစည်း Mask အမေရိကန် ဒေါ်လာ ၃၁၇ သန်းဖို့ ရောင်းချဖို့ လိမ်လည်ကြိုးစားမှုနဲ့ အရေးယူခံလိုက်ရပါတယ်။ ဆာဗန်းနားမြို့ ခရိုင်တရားရုံးမှာ ဖွင့်ထားတဲ့အမှုမှာ...

မြောက်ကိုရီးယားနဲ့ တရုတ်တွေကို ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ငွေကြေးခဝါချမှုနဲ့ အမေရိကန်က စွဲချက်တင်

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ပြီး ပြုံယမ်းရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည် အစီအစဉ်တွေအတွက် တရားမဝင် ကမ္ဘာ့ဘဏ္ဍာရေး ကွန်ရက်ထဲ ငွေကြေးခဝါချမှုနဲ့ မြောက်ကိုရီးယား ၂၈ ဦးနဲ့ တရုတ်နိုင်ငံသား ငါးဦးကို အမေရိကန် တရားရေးဌာနက စွဲချက်တင်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲကို ပထမဆုံးအကြိမ် သမိုင်းဝင် ဖျက်သိမ်း

အမေရိကန် ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ဘော်စတွန် မာရသွန် အပြေးပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒီနှစ်မှာတော့ ပထမဆုံးအကြိမ် သမိုင်းဝင် ဖျက်သိမ်းလိုက်ပါတယ်။ ဆက်တိုက် ကျင်းပလာတာ ၁၂၄ နှစ် ရှိခဲ့ပြီဖြစ်တဲ့...

ဟောင်ကောင်နေသူတချို့ကို နိုင်ငံသားပေးဖို့ ဗြိတိန် စဉ်းစားနေ

တရုတ်နိုင်ငံက ဟောင်ကောင်အပေါ် ပြဋ္ဌာန်းမယ့် အမျိုးသားလုံခြုံရေး ဥပဒေကို မရုတ်သိမ်းဘူးဆိုရင် ဟောင်ကောင်နေသူတချို့ကို နိုင်ငံသားပေးဖို့ စဉ်းစားနေတယ်လို့ ဗြိတိန် တာဝန်ရှိသူတွေက မေလ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ခွဲထွက်ရေးနဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေ၊ ပြည်ပ...

ဆောင်ဆမ်ဟွန်ရဲ့ ရုပ်သံဇာတ်လမ်းအသစ် Dinner Mate ထုတ်လွှင့်ပြသ

မြန်မာပရိသတ်များရဲ့ အချစ်တော် တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ ဆောင်ဆမ်ဟွန် ပါဝင် သရုပ်ဆောင်ထားတဲ့ Dinner Mate ရုပ်သံဇာတ်လမ်းကို အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့ တိုင်းမှာ MBC ရုပ်သံမှ ထုတ်လွှင့်ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ...

လူမည်းတစ်ဦးကို ချုပ်နှောင်ဖမ်းဆီးစဉ် သေဆုံးမှု ရဲတွေကို တရားစွဲဖို့ တောင်းဆို

လက်နက် ကိုင်ဆောင်မထားတဲ့ လူမည်းတစ်ဦးဖြစ်သူ ဂျော့ဂျ် ဖလွိုက်ကို ဖမ်းဆီးစဉ် သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ ရဲလေးဦးကို ဥပဒေအရ အရေးယူဖို့ အမေရိကန်နိုင်ငံ၊ မင်နီဆိုတာ ပြည်နယ်ကို ဖိအားပေးမှုတွေမြင့်တက်နေပါတယ်။ အများပြည်သူရှေ့မှာ ကြိုးမပါဘဲ သေဒဏ်ပေးတာကို...

Latest news