fbpx
Home လွှတ်တော်

လွှတ်တော်

အများပြည်သူပိုင် နေရာများ ပြည်သူေ တွပြန်လည်ပိုင်ဆိုင်ဖို့ အဆို မြို့တော်ဝန်ကန့်ကွက်

အများပြည်သူပိုင်နေရာများ ပြည်သူတွေပြန်လည်ပိုင်ဆိုင်နိုင်ရေးအဆိုကို ဇွန်လ ၁၆ရက် ဒီနေ့မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မဲခွဲအတည်ပြုရာမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကန့်ကွက်ခဲ့ပါတယ်။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က တင်သွင်းရာမှာ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်က အဲဒီအဆိုဟာမိမိတို့ စည်ပင်သာယာတစ်ခုတည်းနဲ့ လုပ်ဆောင်ဖို့မဖြစ်နိုင်သေးတဲ့ အပြင်တရားရေးဘက်ကလည်းပါဝင်ရမှာဖြစ်တဲ့ အတွက် အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားပေးရန်...

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှစ်နိုင်ငံလွှတ်တော်ချင်း ဆက်ဆံရေး တိုးမြှင့်ရေး ဆွေးနွေး

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ နှစ်နိုင်ငံလွှတ်တော်ချင်း ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို သုံးရက်တာချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေတဲ့ မစ္စတာလီရှန်လွန်းဟာ ဒီကနေ့ ဇွန်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော် ဧည့်ခန်းမမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကို လာရောက်တွေ့ဆုံစဉ် အဲဒီလိုဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ဖို့...

နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်

နိုင်ငံတော် အတိုင်ပင်ရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ခန့်အပ်လိုက်တဲ့ ဦးကျော်တင့်ဆွေဟာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ထားရာမှာ လုပ်ငန်းတွေ ပိုမိုအဆင်ပြေစေဖို့ ၀န်ကြီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းပြီး...

နိုင်ငံရေးသမားအား ဖမ်းဆီးရန်အသုံးပြုခဲ့သည့်ဥပဒေအား ရုပ်သိမ်းရန်အတည်ပြု

နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေကြမ်းကို မေလ ၉ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ( ၂၄ )ရက်မြောက်နေ့မှာ ဒီဥပဒေကို ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီမှတင်သွင်းတဲ့အတိုင်း အတည်ပြုခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဒီဥပဒေနဲ့ပတ်သက်လို့ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် ဆွေးနွေးဖို့...

NLD အနေနဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုတွေ မဖြစ်ရအောင် ဆောင်ရွက်နေ

https://youtu.be/goHCr_rEXCo ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေနဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုတွေ မဖြစ်ရအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စမ်းလှိုင်ကို လွှတ်တော်သစ်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို MCN သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းစဉ် ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဒါကြောင် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရော၊ တခြားတိုင်းရင်းသားပါတီတွေရောအပါအ၀င်...

NLD မျိုးစောင့်ဥပဒေနဲ့ နိုင်ငံသားဥပဒေကိုပြင်ရင် ရခိုင်တွေအတိုက်အခံလုပ်မယ်

https://youtu.be/G4Q8r47my5Q NLD ပါတီအနေနဲ့ မျိုးစောင့်ဥပဒေနဲ့ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်လာမယ်ဆိုရင်တော့ လွှတ်တော်ထဲကနေ အတိုက်အခံအနေနဲ့ ရပ်တည်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဒေါ်ခင်စောဝေက MCN (မြန်မာကေဘယ်ရုပ်သံသတင်းဌာန) ရဲ့ သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ...

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှု ၉၀ % အထိ လျှော့ချမယ်လို့ NLD ပြောပြီ

https://youtu.be/lsNIZ8glRtY ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုတွေကို ၉၀ % အထိ လျှော့ချနိုင်အောင် ဆောင်ရွက်သွားမယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၉) ကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က MCN (မြန်မာကေဘယ်ရုပ်သံသတင်းဌာန) ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့...

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးနက်ထား ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ သဘောတူညီ

လွှတ်တော်တွေ ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးနက်ထား ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ သဘောတူညီခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက နေပြည်တော် လွှတ်တော်အဆောက်အဦမှာရှိတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးပြီး...

ပြည်ထောင်စုလွှတ်တော် အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ

https://www.youtube.com/watch?v=VAHxuwroKB0 ဒေါက်တာစိုးရင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် (ဥက္ကဋ္ဌ) ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) (ဒုတိယဥက္ကဋ္ဌ)

ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ

https://www.youtube.com/watch?v=DLBdjCkfw4M ၀၁။ ဦးစိုးသာ တွံတေးမြို့ မဲဆန္ဒနယ် (ဥက္ကဋ္ဌ) ၀၂။ ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) (ဒုတိယဥက္ကဋ္ဌ) ၀၃။ ဦးအေးမောက် မလှိုင်မြို့နယ် မဲဆန္ဒနယ် (အတွင်းရေးမှူး) ၀၄။ ဦးကြည်တင့် ဓနုဖြူမြို့နယ် မဲဆန္ဒနယ် (အဖွဲ့ဝင်) ၀၅။ ဦးကြည်ပြုံး စဥ့်ကိုင်မြို့နယ် မဲဆန္ဒနယ်(အဖွဲ့ဝင်) ၀၆။ ဒေါ်ခင်မွှေးလွင် မင်းကင်းမြို့နယ် မဲဆန္ဒနယ်...

Latest news

//usounoul.com/4/3332295