fbpx
Home သတင်းစုံ

သတင်းစုံ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၄ ရပ် NLD အစိုးရ ချမှတ်

၂၀၁၈ ခုနှစ် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ၄ ရပ်ကို NLD အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ထုတ်ဖော်ပြောကြား လိုက်တာပါ။ အဲ့ဒီ...

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ ဖွင့်ဖို့ ဆွေးနွေး

အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ပြီး နှစ်ဖက်ဒေသ ပြည်သူတွေ အပြန်အလှန် ကူးသန်းသွားလာနိုင်ရေး အိန္ဒိယရောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာ နာရိန်ဒြာ မိုဒီတို့ ဆွေးနွေးခဲ့ကြပါတယ်။ မနေ့က ဇန်နဝါရီ ၂၅ ရက် နယူးဒေလီမြို့မှာ တွေ့ဆုံစဉ် အခုလို...

Blacklist စားရင်း သွင်းခံရတဲ့ ကုမ္ပဏီတွေ တခြားနာမည်နဲ့ ပြန်မှတ်ပုံတင်တာ အရေးယူဖို့လို

အမည်ပျက် စားရင်း သွင်းခံရတဲ့ ကုမ္ပဏီတွေ တခြားအမည်တမျိုးနဲ့ ပြန်မှတ်ပုံတင်ပြီး လုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားတာတွေကို ဥပဒေနဲ့ အညီ ကြပ်မတ် အရေးယူစေချင်တယ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်တာပါ။ ဒီလို...

မိမိကိုယ် မိမိဝေဖန်ပြီး ပတ်ဝန်းကျင်ရဲ့ သုံးသပ်မှုကို ခံနိုင်ဖို့လို

မိမိကိုယ် မိမိဝေဖန်ပြီး ပတ်ဝန်းကျင်ရဲ့ လေ့လာစိစစ် သုံးသပ်မှုကို ခံနိုင်ဖို့ လိုတယ်လို့ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီလ ၂၆ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်မှာ ရေးသား ဖော်ပြလိုက်တာပါ။ အဲ့ဒီလို သုံးသပ်မှုကနေမှ ပြုပြင်ပြောင်းလဲသင့်တာတွေကို ပြောင်းလဲပြီး ကောင်းအောင် လုပ်ဖို့ကိုလည်း တိုက်တွန်းထားတာပါ။ ဒီလိုလုပ်ဆောင်ကြမှသာ တိုင်းပြည်နဲ့...

မြောက်ဦး အကြမ်းဖက် ဖြစ်စဉ်ရဲ့ ဖြစ်ရပ်အမှန်ကို အမြန်ဆုံးစစ်ဆေး ဖော်ထုတ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောက်ဦးမြို့နယ် ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်မှု ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်း ကျင်းပချိန်မှာ အ ခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြောက်ဦးမြို့နယ်မှာ...

တူရကီ တိုက်လေယာဉ် တွေကို ဆီးရီယားပစ်ချမယ်

ဆီးရီယားလေတပ်တွေဟာ တူရကီတိုက်လေယာဉ်တွေကို ပစ်ချသွားမယ်လို့ ဆီးရီယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။ တူရကီနိုင်ငံဟာ ဆီးရီယားနိုင်ငံမြောက်ပိုင်းက ကာဒ့်သူပုန်တွေကို တိုက် ခိုက်ဖို့ စီစဉ်နေချိန်မှာပဲ ဆီးရီးယားနိုင်ငံက အခုလိုမျိုးသတိပေးခဲ့တာပါ။ မက်ဒက်က အာဖရင်မြို့ ရှိ ကာဒ့်သူပုန်တွေကို တူရကီ ကမြေပြင် ထိုးစစ် ဒါမှမဟုတ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာဟာ...

အန္တရာယ်ရှိလောက်တဲ့ အပူလှိုင်းဖြတ်မယ်လို့ သြစတြေးလျမှာ သတိပေးထား

သြစတြေးလျတလွှားမှာ အသက်အန္တရာယ် သတိပြုရလောက်အောင် အလွန်ပြင်းထန်တဲ့ အပူလှိုင်း ဖြတ်ဖို့ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ မနက်ဖြန် ဇန်နဝါရီ ၂၇ ရက်နေ့ သြစတြေးလျ အလယ်ပိုင်းမှာ အပူချိန်ဟာ ၄၆ ဒီဂရီ ဆဲလ်ဆီးယပ်အထိ ရှိနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ သြစတြေးလျ တောင်ပိုင်းနဲ့ နယူးဆောက်သ်ဝေးလ်မှာ...

ကျွမ်းကျင်လုပ်သား အကဲဖြတ်ပေးနေတာ ရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီး (ရုပ်/သံ)

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ လုပ်သားတွေကို ကျွမ်းကျင်မှုအကဲဖြတ်ပေးနေတာ ရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီးနေပြီလို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၉ ခု ခွင့်ပြုခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၉ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတာပါ။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဘိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါးအပါအ၀င် ကျပ်ငွေ သန်းပေါင်း ၃ သန်းကျော်အထိ...

ကစားသူတိုင်း သိထားသင့်တဲ့ ပိုကီမွန်ဂိုးပလပ်စ်ရဲ့ လျှို့ဝှက်ချက် ၂ ခု

အနီးနားက ပိုကီမွန်နဲ့ ပိုကီမွန်စတော့ကို သိရအောင်သက်သက်မဟုတ်တဲ့ ပိုကီမွန်ဂိုးပလပ်စ်ရဲ့ လှို့ဝှက်လုပ်ဆောင်ချက် ၂ခု ရှိပါတယ်။ ဒါကိုပိုကီမွန်ကစားတဲ့လူတိုင်း သိထားသင့်တယ်လို့ ယူဆမိတာကြောင့် ဖော်ပြလိုက်ပါတယ်။ အဲဒီလှို့ဝှက်ချက် ၂ခု ကို ပိုကီမွန်ကုမ္ပဏီနဲ့ နီအန်တစ်လပ်စ် နှစ်ခုစလုံးက မဖော်ပြခဲ့ပါဘူး။ ပိုကီမွန်ဂိုးပလစ်ကို ဥတွေခွဲတဲ့အဆင့်တွေမှာလည်း အသုံးချလို့ရပါတယ်။ ပိုကီမွန်ဂိုးကစားသူတွေက ဥတွေမကွဲခင်မှာ အကွာအ...

Latest news