ရုပ်/သံ မှတ်တမ်းများ

DOCUMENTARY

https://www.youtube.com/watch?v=_d56D5PDN0Q&feature=youtu.be အစိုးရက သစ်ထုတ်လုပ်ခွင့် ၁ နှစ်ပိတ်ခဲ့တာကြောင့် မြိတ်အထပ်သားစက်ရုံ ယာယီပိတ်သိမ်း တော့မှာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်စုံကို MCN မြိတ်သတင်းထောက်က ရိုက်ကူး ထားပြီး MCN သတင်းထောက် ခိုင်မျိုးလွင်က တင်ဆက်ပေးထားပါတယ်။ တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့ငါးလေးလံဈေးအနီးမှာရှိတဲ့ မြိတ်အထပ်သားစက်ရုံဟာ အစိုးရက သစ်ထုတ်လုပ်ခွင့် တစ်နှစ်ပိတ်ခဲ့တာကြောင့် သစ်ကုန်ကြမ်းရရှိဖို့ အခက်အခဲဖြစ်ပေါ်နေပြီး စက်ရုံကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ယာယီပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ အဲ့လို စက်ရုံပိတ်သိမ်းဖို့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေ အကြား အပြန်အလှန်နားလည်မှုလွဲမှားမှုတွေ ဖြစ်ပေါ်နေပါတယ်။ စက်ရုံယာယီပိတ်သိမ်းမယ့် အကြောင်းကို အလုပ်ရှင်ဘက်က ကြိုတင်အသိပေးခြင်းမရှိခဲ့တဲ့အတွက် အလုပ်သမား...
https://www.youtube.com/watch?v=NAtWD6Xzibg&feature=youtu.be အတင်းအဓမ္မခိုင်းစေမှုတွေ လူကုန်ကူးမှုတွေရှိနေသေးတယ်ဆိုရင် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့ခံ ရမှု တွေဖြစ်လာနိုင် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကပြောဆို လိုက်ပါတယ်။ဒီ သတင်းကိုတော့ MCN သတင်းထောက်ကေသွယ်ကပေးပို့ထားပါတယ်။ ပြည်တွင်း ရေလုပ်ငန်းတွေမှာ အတင်းအဓမ္မခိုင်းစေမှုတွေ နဲ့ လူကုန်ကူးမှုတွေရှိနေသေးတယ်ဆိုရင် အဲဒီလုပ်ငန်းတွေ ပေါ်မှာ မူတည်ပြီး ကျန်တဲ့လုပ်ငန်းတွေမှာပါ စီးပွားရေးပိတ်ဆို့ခံရမှု တွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် ကပြောဆိုလိုက်ပါတယ် ။ ရန်ကုန်မြို့ အလုံလမ်းမကြီးပေါ်ရှိ Summit Parkview Hotel...
https://www.youtube.com/watch?v=ZPIojQxVXw8&feature=youtu.be အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်အတွင်း တရားမ၀င်ငါးခိုးဖမ်းတဲ့ ဗီယက်နမ်နိုင်ငံက သင်္ဘော ၆စီး ထိုင်းနိုင်ငံက သင်္ဘော ၃စီးကို ဧပြီလ ၁၆ ရက်နေ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်ရှင်။ အင်ဒိုနီးရှားရေတပ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့ စုစုပေါင်း ရေလုပ်သား ၁၅၀ ဦးမှာ မြန်မာရေလုပ်သား ၂၅ဦးပါဝင်နေခဲ့တာပါ။ ဒီရေလုပ်သား ၂၅ ဦးဟာ ထိုင်းနိုင်ငံ ပါတနီမြို့မှာရှိ တဲ့ ပွဲစားဖြစ်သူက လစာကောင်းကောင်းပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေကို အခယူပို့ဆောင်ပေးခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလို လူကုန်ကူးမှုတွေ ကျူးလွန်နေတာကို သက်ဆိုင်ရာဌာန၊...
https://www.youtube.com/watch?v=9yVUduTPr2g&feature=youtu.be ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ကားတိုက်မှုနဲ့သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမားတွေအတွက် တစ်ဦးကို ဘတ်ငွေ ၈ သိန်း (မြန်မာကျပ် ငွေ သိန်း ၂၆၀ ကျော် ) လျော်ကြေးရရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှာ မြန်မာအမျိုးသမီး ၆ဦးဟာ အလုပ်သွားမလို့ ကားစောင့်ဆိုင်းနေချိန်မှာ ကားတိုက်ခံရပြီး သေဆုံးခဲ့ကျတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးတွေအတွက် ကားအာမခံကြေးကနေ ဘတ်ငွေ ၅ သိန်းလျော်ကြေးရရှိခဲ့ပြီး ထော့လော့ဘော်လို့ခေါ်တဲ့ ထိုင်းဘုရင့်နစ်နာကြေး ၃ သိန်းရရှိခဲ့တာဖြစ်ပါတယ်။ လတ်တလော မှာ သေဆုံးသူတွေအတွက် အလုပ်ရှင်ဘက်က တစ်ဦးကို...
https://www.youtube.com/watch?v=Y4aRM5VAlDM အသက် (၉)နှစ်အရွယ်ကတည်းက မြန်မာသံစဉ်သီချင်တွေကို သီဆိုခဲ့ပြီး လက်ရှိ မဟာဂီတဆိုင်ရာ အဆိုနည်းပြအဖြစ် လက်ဆင့်ကမ်း သင်ကြားပေးနေတဲ့ ဆရာမကြီး ဒေါ်တင့်တင့်ဝင်းရဲ့ အကြောင်းကို ရုပ်သံမှတ်တမ်းအနေနနဲ့ တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။
https://www.youtube.com/watch?v=aBOGT_9MrLI&feature=youtu.be မင်္ဂလာပါရှင်။ MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ ၀ါဆိုလဆန်း (၁၁) ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက် သောကြာနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့ 1 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တပ်မတော်စစ်သမိုင်းပြတိုက် သွားရောက်လေ့လာတဲ့သတင်း 2 ရန်သူကို မိတ်ဆွေဖွဲ့ဖို့ ကြိုးစားရမှာဖြစ်ပြီး မိတ်ဆွေကိုလည်း ရန်သူဖြစ်မသွားဖို့ လိုတယ်လို့ သူရဦးရွှေမန်းက...
https://www.youtube.com/watch?v=glH9mWM2-30 ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးရုံတင်ပြသခဲ့ပြီး ပါဝင်ကြတဲ့သရုပ်ဆောင်တွေက သမ္မတရုပ်ရှင်ရုံတွေမှာပရိသတ်တွေနဲ့တွေ့ဆုံ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အေးမြတ်က သတင်းပေး ပို့ထားပါတယ်။ သဘာဝဇာတ်ရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်တယ်လို့ ပရိသတ်တွေက အသိအမှတ်ပြုထားတဲ့ သရုပ်ဆောင်ခင်လှိုင်၊ မြင့်မြတ်၊ ထွန်းထွန်၊ နေဒွေးနဲ့ သင်ဇာဝင့်ကျော်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကား တစ်ကားဖြစ်ပြီး တစ်နှစ်ကျော်ကြာ ရိုက်ကူးခဲ့ရတာပါ။ “ရင်ခုန်တာကတော့ မပြောနဲ့။ မအိပ်ရတာဆို တစ်ပတ်လောက်ရှိပြီ။ မနက် ၄နာရီဆို နိုးသွားတယ်။ စိတ်တွေအရမ်းပူပြီးတော့ပေါ့။...
https://www.youtube.com/watch?v=Yyeg7DF3Ix4&feature=youtu.be ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရပ်ရွာအခြေပြု ရဲလုပ်ငန်းစနှစ်ကို တည်ဆောက်တဲ့ အနေနဲ့ မှုခင်းကျဆင်းရေးစီမံချက် ပိုင်းလော့ပရောဂျက်ကို စတင်လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို MCN သတင်းထောက် အောင်ဆန်းဦး က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ညက သန်လျင်မြို့နယ်အတွင်း မှုခင်းကျဆင်းရေး ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးကမှုခင်းကျဆင်းရေး တာဝန်ခံတွေနဲ့အတူ သန်လျင် မြို့နယ်က တာဝန်ရှိတွေက ပဲခူးစုရပ်ကွက်၊ အုတ်ဖိုစုရပ်ကွက်နဲ့ ဒါရ်ဂါ ရပ်ကွက်တွေမှာ ယာယီကင်းတဲများ ဆောင်ရွက်ထားတာကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့ရဲ့ရပ်ရွာအခြေပြုရဲလုပ်ငန်းစနှစ်ကို တည်ဆောက်တဲ့အနေနဲ ရန်ကုန်မြို့...
https://www.youtube.com/watch?v=y6JUojAtUm4&feature=youtu.be မင်္ဂလာပါရှင်။ MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်၊ ၀ါဆိုလဆန်း (၁၀) ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက် ကြာသပတေးနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့ 1 ထိုင်းနိုင်ငံမှာ လုပ်အားခကြွေးကျန်တောင်းဆိုတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရတဲ့သတင်း။ 2 စစ်ကိုင်းတိုင်းဒေသကြီးက နေပြည်တော်ကို လမ်းလျှောက်ချီတက်ပြီး...

LATEST NEWS