fbpx
Home ၂၀၁၅ အထွေထွေရွေးကောက်ပွဲ

၂၀၁၅ အထွေထွေရွေးကောက်ပွဲ

မွန်ပါတီတွေ ပေါင်းစည်းရေး အခက်တွေ့နေ

https://www.youtube.com/watch?v=ZpefBg4gBbk မွန်ပြည်နယ်အခြေစိုက်ထူထောင်ထားတဲ့ နိုင်ငံရေးပါတီတွေ ပေါင်းစည်းရေး အခက်တွေ့နေဆဲပဲလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဗညားအောင်မိုးက ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်သူတွေ နိုင်ငံရေးပါတီ တစ်ခုတည်း မဲပေးနိုင်ဖို့ရည်ရွယ်ပြီး ပြည်နယ်တွင်းပါတီတွေ ပေါင်စည်းနိုင်ရေး ကြိုးစားသွားဖို့ အစီအစဉ်ရှိမရှိ MCN က သီးသန့်အနေနဲ့ မေးမြန်းစဉ်မှာ သူက အဲ့ဒီလိုပြောကြားလိုက်တာပါ။ လက်ရှိအခြေအနေမှာတော့...

လိင်တူချစ်သူ LGBT တွေ ရွေးကောက်ပွဲမှာ ဘယ်လို ပါဝင်ကြမှာလဲ

https://www.youtube.com/watch?v=LFFB2nW5EEE ဒီကနေ့ MCN STREAMIZ SHOW အစီစဉ်မှာတော့ မဲဆန္ဒရှင်ပြည်သူတွေထဲက လူနည်းစုဖြစ်တဲ့ လိင်တူချစ်သူ LGBT တွေ အနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လို ပါဝင်ကြမှာလဲဆိုတာတွေနဲ့ပတ်သက်ပြီးတင်ပြပေး သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဆိုရင်တော့ မဲဆန္ဒရှင်တွေထဲက လူနည်းစုဖြစ်တဲ့ လိင်တူချစ်သူ LGBT တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ...

၈၈ မျိုးဆက်တွေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်လာတာကို ကြိုဆို

https://www.youtube.com/watch?v=-JrrJWBbT9k ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လာတဲ့အပေါ် မျိုးဆက်သစ်လူငယ်များ Generation Wave ကြိုဆိုလိုက်ပါတယ်။ မျိုးဆက်သစ်လူငယ်များ Generation Wave က ကိုမိုးဃ်သွေးက MCN ရုပ်သံသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ကြိုဆိုကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်ထဲက မဲရုံတွေကိုလေ့လာ

https://youtu.be/yUl7x5EmbJM အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သလို ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက သူဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကော့မှူးမြို့နယ်ထဲက မဲရုံအချို့ကို သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်းက မဲရုံတွေမှာ လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်အဖြစ် မဲဆန္ဒရှင်ပြည်သူတွေ...

ရွေးကောက်ပွဲနေ့ မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ NLD ပြောပြီ

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရွေးကောက်ရက်ဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မဲပေးခွင့် မရတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကြောင့် မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး...

အစိုးရအဖွဲ့ စကားမတည်ခဲ့၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အခြေအနေမလှ

https://www.youtube.com/watch?v=Q9BlH5X2nLk သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ စကားမတည်ခဲ့၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ အခြေအနေမလှဟု ပါတီစတင်တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဦးမိုးသီးဇွန်က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အာဏာလွှဲပြောင်းရေးအတွက် ပထမဆုံးတွေ့ဆုံ

https://youtu.be/BiLIuwwluO8 ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ အာဏာလွှဲပြောင်းရေးတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဇင်ဘာလ (၂) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံဆွေးမှုအတွင်းမှာတော့ ငြိမ်းချမ်စွာအာဏာလွှဲပြောင်းရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတနှင့်အတူ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး...

အစိုးရအလုပ်နဲ့ ပါတီစည်းရုံးရေးကိစ္စ မရောယှက်ရအောင် လုပ်ဆောင်နေဟုဆို

https://www.youtube.com/watch?v=akSAA-BsX1A အစိုးရအလုပ်နဲ့ ပါတီစည်းရုံးရေးကိစ္စမရောယှက်ရအောင် လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို MCN သတင်းထောက် ရည်မွန်ခိုင်ရဲ့ သတင်းပေးပို့မှုမှာ အခုလို ရှု့စားကြရမှာဖြစ်ပါတယ်။ ရိုက်ကူး (မင်းမင်းလတ် MCN) ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က တရားဝင် မဲစွယ်စည်းရုံးခွင့် ခွင့်ပြုလိုက်တဲ့ ၂၀၁၅...

လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သံသရှိတယ်လို့ စာရေးဆရာကျော်ရင်မြင့်က ပြော

https://www.youtube.com/watch?v=lrrgXHVsW5M လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သံသရှိတယ်လို့ စာရေးဆရာကျော်ရင်မြင့်က ပြောကြားလိုက်ပါတယ်။ မြန်မာကေဘယ်ရုပ်သံသတင်းဌာနရဲ့ ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်အတွက် သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ မန္တလေးအခြေစိုက် စာရေးဆရာ ဆရာကျော်ရင်မြင့်က ပြောကြားလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုရုပ်သံ အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ မသမာမှုတွေ ကျေးလက်ဒေသနဲ့ နယ်မြို့တွေမှာ ဖြစ်ပွားမှုများပြားနေတယ်

https://youtu.be/7Y9cDgars1o ရွေးကောက်ပွဲဥပဒေကို ဆန့်ကျင်တဲ့ မဲမသမာမှုတွေ အများစုဟာ ကျေးလက်ဒေသနဲ့ နယ်မြို့တွေမှာ ဖြစ်ပွားမှုများပြားနေတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒါနရှေ့ဆောင် မြန်မာက ကနဦး သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ပြောကြားလိုက်ပါတယ်။ ကျေးလက်ဒေသအချို့မှာ မဲစာရင်းမပါဝင်မှုအပေါ် ဥပဒေအတိုင်း စာရင်းလုပ်ကိုင်ခဲ့ပေမယ့် နောက်ဆုံး မဲပေးရမယ့်နေ့မှာတောင် မပါဝင်ခဲ့တာတွေရှိခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးဟာ...

Latest news

//dooloust.net/4/3332295