Sunday, November 17, 2019

ရွှေ့ပြောင်းအလုပ်သမား

Migrate

ထိုင်းနိုင်ငံမှာ တက်တူးပွဲတော် ကျင်းပ

https://www.youtube.com/watch?v=dhIspagbrIQ မြန်မာ ရွှေ့ပြောင်းလုပ်သား အများအပြား ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ တက်တူးပွဲတော် ကျင်းပခဲ့တဲ့အကြောင်းကို MCN သတင်းထောက် ဗျူးလာဦးက တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ မြန်မာ နဲ့ စင်ကာပူအသင်းတို့ရဲ့ ခြေစမ်းပွဲကို မြန်မာလုပ်သားတွေ သွားရောက် အားပေး

https://www.youtube.com/watch?v=4D4QMI1RePY စင်ကာပူနိုင်ငံမှာ မြန်မာ လက်ရွေးစင် ဘောလုံးအသင်းနဲ့ စင်ကာပူ လက်ရွေးစင် ဘောလုံးအသင်းတို့ရဲ့ ခြေစမ်းပွဲကို ရွှေ့ပြောင်း မြန်မာလုပ်သားတွေ သွားရောက် အားပေးခဲ့ကြတဲ့အကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

EPS အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကိုရီးယားနိုင်ငံ ပူချွန်းမြို့မှာ ကျင်းပ

https://www.youtube.com/watch?v=UMaJv62cje8 ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာအသင်း(ကိုရီးယား)က ဦးဆောင်ပြီး EPS အလုပ်သမား အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကိုရီးယားနိုင်ငံ ပူချွန်းမြို့မှာ ကျင်းပသွားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်ခံထားရသူတစ်ဦးကို စစ်ဆေးတွေ့ရှိ

https://www.youtube.com/watch?v=DI-hujztlxs မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်ခံထားရသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့တဲ့သတင်းကို MCN သတင်းထောက် ဗျူးလာဦးက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာတွေ အားထားရာ မယ်တော်ဆေးခန်း

https://www.youtube.com/watch?v=rhcVqT7Ahhc&feature=youtu.be မြန်မာအပါအ၀င် အာဆီယံဒေသတွင်းနိုင်ငံအသီးသီးက ရွှေ့ပြောင်း အလုပ် သမား ဆိုင်ရာ သတင်းတွေကို ရှု့စားခဲ့ကြရတာဖြစ်ပါတယ်။ ဆက်လက်ပြီး ရုပ်သံမှတ်တမ်းအစီအစဉ်ကို ရှုစားခဲ့ကြရမှာ ဖြစ်ပါတယ်။ ဒီသတင်းပတ်ရဲ့ရုပ်သံမှတ်တမ်းအစီအစဉ်မှာတော့ ထိုင်းနိုင်ငံ မယ်ဆောက်မြို့မှာ နှစ်ပေါင်း၂၇ ကျော်ကြာအောင် မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတွေကို ဆေးကုသမှုပေးနေတဲ့ မယ်တော်ဆေးကုခန်းအကြောင်းကို ရုပ်သံမှတ်တမ်းအနေနဲ့ ရှုစားကြရမှာဖြစ်ပါတယ်။

စင်ကာပူရောက် မြန်မာများ စုပေါင်းပြီး ရိုးရာသင်္ကြန်ဆင်နွှဲကြဖို့ ဆော်သြ

https://www.youtube.com/watch?v=Xhoo7ia5-vI&feature=youtu.be စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် မတိုင်မီနဲ့ သင်္ကြန်ကာလအတွင်း ရေဆော့ကစားကြဖို့နဲ့ စတုဒီသာ ကျွေးမွေးလှူဒါန်းကြဖို့ ဖိတ်ခေါ်မှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ ဒီလို ရေဆော့ကစားတာတွေအပြင် ဥပုပ်သီလ စောင့်တည်တာတွေ၊ သက်ကြီးပူဇော်တာလည်း ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကို အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လုပ်ဆောင်ကြတာလည်းဖြစ်ပါတယ်။

အလုပ်သမားပြန်လည်ခေါ်ယူမှုကြောင့် မြန်မာ အလုပ်သမားများ မလေးရှားသို့ ပြန်လည် သွားရောက်နိုင်

https://www.youtube.com/watch?v=3I7FwPgCqsM&feature=youtu.be မလေးရှားနိုင်ငံကနေ နိုင်ငံခြားအလုပ်သမား ခေါ်ယူမှု ရပ်ဆိုင်းကြောင်း ကြေညာချက်ကို ပြန်လည်ရုတ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံကနေ ပုံမှန်အတိုင်း သွားရောက်နိုင်တဲ့ အကြောင်းကို MCN သတင်းထောက် အောင်ကျော်မိုးက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

စင်ကာပူရှိ မြန်မာသို့ ငွေလွှဲသည့်ဆိုင် ပိတ်ပင်ထားမှု နစ်နာသူများ သံရုံးသို့ တိုင်ကြားမှု ပြုလုပ်

https://www.youtube.com/watch?v=CzP2RbRGC2A စင်ကာပူနိုင်ငံက မြန်မာလုပ်သားတွေ ငွေလွှဲမှုပြုလုပ်ကြတဲ့ Peninsula Plaza က "သူဌေးသမီးဆိုင်" ဟာ ပိတ်ာထးတာ ရက်ကြာမြင့်နေပြီဖြစ်အတွက် နစ်နာမှုရှိကြတဲ့ ငွေလွှဲပို့သူတွေဟာ မြန်မာသံရုံးက တိုင်ကြားထားတယ်လို့ သိရပါတယ်။

LATEST NEWS