Canon ရဲ႕ စြမ္းေဆာင္ရည္ ျမင့္မားၿပီး ႐ုပ္ရွင္႐ိုက္ကူးႏိုင္တဲ့ ဗီဒီယိုကင္မရာေတြ မိတ္ဆက္

0
48

Canon ရဲ႕ စြမ္းေဆာင္ရည္ ျမင့္မားၿပီး ႐ုပ္ရွင္႐ိုက္ကူးနိုင္တဲ့ Canon Cinema EOS Experience အစီအစဥ္ကို ရန္ကုန္ၿမိဳ႕ Wyndham Hotel မွာ ၾသဂုတ္လ ၁၆ ရက္ေန႔က က်င္းပခဲ့ပါတယ္။

အဲဒီ အခမ္းအနားမွာ ႐ုပ္ရွင္ကင္မရာ အရည္အေသြးျမင့္ 4K UHD ႐ိုက္ကူးနိုင္တဲ့ Canon Cinema C200 Video Camera ကို ျပသခဲ့ပါတယ္။ 4K UHD ‌ကင္မရာေတြက တစ္စကၠန္႔ကို 120 fps အထိ ႐ိုက္ကူးနိုင္မွာျဖစ္ၿပီး ဗီဒီယိုဖိုင္ေတြကို တည္းျဖတ္ရာမွာလည္း အရည္အေသြး က်ဆင္းသြားျခင္းမရွိဘဲ Full HD (1080 Mega Pixel) ထက္ ေလးဆေက်ာ္ ပိုမို႐ုပ္ထြက္ေကာင္းမြန္ ၾကည္လင္ျပတ္သားၿပီး ၾကည့္ရႈသူေတြကို ျပင္ပမွာ ျမင္ရတဲ့အတိုင္း ခံစားေစရမွာျဖစ္ပါတယ္။

ဒါ့အျပင္ တျခား အရည္အေသြးျမင့္ Canon EOS C300Mk2, Canon XF705, XF405, XF400, XA55, XA50, XA40, XA15 နဲ႔ XA11 ဗီဒီယိုကင္မရာေတြကုိ အထူးေဈးနႈန္းနဲ႔ ေရာင္းခ်ေပးသြားမွာလည္း ျဖစ္ပါတယ္။ Canon ထုတ္ကုန္ေတြကို Myanmar Golden Rock International ကုမၸဏီလီမိတက္က ျမန္မာႏိုင္ငံရဲ႕တစ္ဦးတည္းကုိယ္စားလွယ္ အျဖစ္ တင္သြင္းေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

Canon ရဲ့ စွမ်းဆောင်ရည် မြင့်မားပြီး ရုပ်ရှင်ရိုက်ကူးနိုင်တဲ့ ဗီဒီယိုကင်မရာတွေ မိတ်ဆက်


Canon ရဲ့ စွမ်းဆောင်ရည် မြင့်မားပြီး ရုပ်ရှင်ရိုက်ကူးနိုင်တဲ့ Canon Cinema EOS Experience အစီအစဉ်ကို ရန်ကုန်မြို့ Wyndham Hotel မှာ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အဲဒီ အခမ်းအနားမှာ ရုပ်ရှင်ကင်မရာ အရည်အသွေးမြင့် 4K UHD ရိုက်ကူးနိုင်တဲ့ Canon Cinema C200 Video Camera ကို ပြသခဲ့ပါတယ်။ 4K UHD ‌ကင်မရာတွေက တစ်စက္ကန့်ကို 120 fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုဖိုင်တွေကို တည်းဖြတ်ရာမှာလည်း အရည်အသွေး ကျဆင်းသွားခြင်းမရှိဘဲ Full HD (1080 Mega Pixel) ထက် လေးဆကျော် ပိုမိုရုပ်ထွက်ကောင်းမွန် ကြည်လင်ပြတ်သားပြီး ကြည့်ရှုသူတွေကို ပြင်ပမှာ မြင်ရတဲ့အတိုင်း ခံစားစေရမှာဖြစ်ပါတယ်။


ဒါ့အပြင် တခြား အရည်အသွေးမြင့် Canon EOS C300Mk2, Canon XF705, XF405, XF400, XA55, XA50, XA40, XA15 နဲ့ XA11 ဗီဒီယိုကင်မရာတွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။ Canon ထုတ်ကုန်တွေကို Myanmar Golden Rock International ကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံရဲ့တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် တင်သွင်းရောင်းချပေးနေတာ ဖြစ်ပါတယ်။