
0
61




BPI စက်ရုံမှူးကို ခိုင်လုံတဲ့ အထောက်ထားတွေနဲ့ အရေးယူတာလို့ အဂတိ ကော်မရှင် ပြော


BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ဥပဒေနဲ့ အညီအရေးယူတာ ဖြစ်တယ်လို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။


စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို ရုံးထုတ်ချိန် စက်ရုံဝန်ထမ်းတွေက လာရောက် ဝန်းရံခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းမှာပဲ ထုတ်ပြန်ချက် ထွက်လာခဲ့တာပါ။


အများပြည်သူလူထု ရေရှည်မှာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ခြေ ရှိတဲ့အတွက် အချိန်မီ တားဆီးကာကွယ်ပြီး ကော်မရှင်အဖွဲ့က ဥပဒေအရ အရေးယူဖို့ သေချာစဉ်းစား ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။