Home Authors Posts by MCN NEWS TEAM 3

MCN NEWS TEAM 3

9383 POSTS 0 COMMENTS

လီဆက်စတာ ပိုင်ရှင် ရဟတ်ယာဉ်ပျက်ကျ သေဆုံးတယ်လို့ လီဆက်စတာ အသင်း အတည်ပြု

လီဆက်စတာ စီးတီးအသင်း ပိုင်ရှင် ဗီချိုင်း ဆရီဗက်ဒနာပရာဘာ ဟာ ကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှု မှာ ပါသွားပြီး သေဆုံးခဲ့တယ်လို့ လီဆက်စတာ အသင်းက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ လီဆက်စတာနဲ့ ဝက်စ်ဟမ်းတို့ ကစားတဲ့ပွဲစဉ်ကို ကြည့်ပြီးနောက် အသင်းပိုင်ရှင် ထိုင်းလူမျိုး ဘီလျံနာဟာ ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ပြန်ချိန်မှာ ပျက်ကျသွားခဲ့တာ...

ဂူထဲက ပြန်လွတ်လာတဲ့ ထိုင်းလူငယ် ဘောလုံးအသင်းသားတွေ မန်ယူ-အဲဗာတန်ပွဲကို ကြည့်ရှုအားပေး

ရေကြီးနေတဲ့ ဂူအတွင်း ပိတ်မိနေရာက ပြန်လွတ်မြောက်လာတဲ့ ထိုင်းကလေးငယ် ၁၂ ဦးဟာ မန်ယူနဲ့ အဲဗာတန်တို့ ကစားတဲ့ပွဲကို ဗြိတိန်နိုင်ငံ၊ အိုးထရက်ဖို့ဒ်ကွင်းမှာ လာရောက်ကြည့်ရှုခဲ့ပါတယ်။ တောဝက်လူငယ် ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံရှိ ရေကြီးနေတဲ့ ဂူအတွင်း သီတင်းနှစ်ပတ်ကြာ ပိတ်မိနေပြီးမှ ပြန်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်း...

နယ်စပ်တလျှောက် ထိန်းချုပ်ရေး မြန်မာနဲ့ အိန္ဒိယ သဘောတူ

မြန်မာနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်တလျှောက်မှာ တိရစ္ဆာန်တွေ မှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်မှုတွေကို ပိုမိုထိန်းချုပ်နိုင်ရေးနဲ့ သူပုန်အဖွဲ့တွေကို နှိမ်နင်ရေး သဘောတူညီ လိုက်ကြပါတယ်။ အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ မြန်မာနဲ့ အိန္ဒိယအကြား ၂၂ ကြိမ်မြောက် ပြည်တွင်းလုံခြုံရေး အစည်းအဝေးမှာ အခုလို...

ရခိုင်ပြည်နယ်အတွက် တရုတ်က အသင့်တပ်ဆင်နိုင်တဲ့ အိမ်အလုံး ၁ ထောင် လွှဲပြောင်းပေး

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေရပ်ပြန်မယ့် ဒုက္ခသည်တွေအတွက် အလွယ်တကူ အသင့် တပ်ဆင်နိုင်တဲ့ အိမ်အလုံး ၁ ထောင်ကို မြန်မာအစိုးရ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က နေအိမ်တွေ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တရုတ်သံအမတ်ကြီး...

ရှေးဟောင်းသုတေသန ပညာရပ်ကို လူငယ်တွေ စိတ်ဝင်စားလာ

သမိုင်းဝင် အဆောက်အဦနဲ့ စေတီပုထိုးတွေ၊ မြို့ပြနဲ့ ရှေးကျတဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာသင်ယူရတဲ့ ရှေးဟောင်းသုတေသန ပညာရပ်ကို လူငယ်တွေ စိတ်ဝင်တစား လေ့လာသင်ယူနေကြတဲ့ အကြောင်းကို MCN သတင်းထောက် အောင်သူက ရိုက်ကူး တင်ဆက် ထားပါတယ်။ https://www.youtube.com/watch?v=COPzyHzv_m8&feature=youtu.be သမိုင်းဝင် အဆောက်အဦနဲ့ စေတီပုထိုးတွေ၊ မြို့ပြနဲ့ ရှေးကျတဲ့ ရိုးရာယဉ်ကျေးမှုတွေကို...

Great Well ဖိနပ်စက်ရုံ အလုပ်သမားတွေ ပြဿနာ အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ် (ရုပ်/သံ)

ပြီးခဲ့တဲ့ လေးလကျော်ကစတင်ပြီး လုပ်ခလစာမရရှိခဲတဲ့ Great Well ဖိနပ်စက်ရုံလုပ်သားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။ https://www.youtube.com/watch?v=6kiQkjOgGk0&feature=youtu.be ဇူလိုင်လကစတင်ကာ အကြောင်းပြချက်မရှိဘဲ လုပ်ငန်းခွင်ဝင်ရောက်ခွင့်မရတဲ့အပြင် လုပ်ခလစာမရရှိသေးတဲ့ Great Well ဖိနပ်စက်ရုံလုပ်သား ၇၆ဦးရဲ့...

အမေရိကန် ဗီဇာလျှောက်ထားသူတွေ အင်တာဗျူးဝင်ရမယ့် နေ့မှသာ စာရွက်စာတမ်းတွေကို ပြသနိုင်

မြန်မာနိုင်ငံသားတွေ အနေနဲ့ အမေရိကန်ကို သွားရောက်ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လူတွေ့အင်တာဗျူးမတိုင်မီ အမေရိကန်သံရုံးကို သံရုံးစာတိုက်ပုံးကနေတစ်ဆင့် ကြိုတင်ပို့ဆောင်ဖို့ မလိုအပ်တော့ဘဲနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကနေစတင်ပြီးတော့ အမေရိကန်သံရုံး ကောင်စစ်ဝန်ဌာန စာတိုက်ပုံးကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၅...

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် ချန်ပီယံခါးပတ်ကို ဆက်လက် ကာကွယ်နိုင်ခဲ့

One Championship က ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ONE: Pursuit of Greatness မှာ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် အောင်လအန်ဆန်က ချန်ပီယံခါးပတ်ကို ဆက်လက်ကာ ကွယ်နိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာခီက အောင်လအန်ဆန်ကို ချုပ်ကွက်...

ဆော်ဒီအာရေဗျကို လက်နက်မရောင်းဖို့ ဥရောပလွှတ်တော် ဆုံးဖြတ်

ဥရောပလွှတ်တော်ဟာ သတင်းထောက် ဂျာမယ် ခါရှိုဂီ အသတ်ခံရမှုနဲ့ပတ်သက်လို့ ဆော်ဒီအာရေဗျ နိုင်ငံဆီကို လက်နက် တင်သွင်းတာမလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ဥရောပ သမဂ္ဂဝင်နိုင်ငံတစ်နိုင်ငံ ချင်းစီက လက်တွေ့အကောင်ထည် ဖော်မဖော်ဆိုတာ ကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံဆီ လက်နက်တင်ပို့တာတွေ ပိတ်ပင် လိုက်ပြီးနောက်...

အကောက်ခွန် အကြီးအကဲကို ဖိလစ်ပိုင် သမ္မတ ဒူတာတေး ရာထူးကနေ ဖယ်ရှား

ဖိလစ်ပိုင် သမ္မတ ဒူတာတေး ဟာ အကောက်ခွန်ဌာနအကြီးအကဲ ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ အကောက်ခွန်ဌာနဟာ မူးယစ်ဆေးဝါးတန်ချိန် တစ်သိန်းကို တာဆီးနိုင်မှုမရှိခဲ့လို့ အခုလိုမျိုး အကြီးကဲကို ဖယ်ရှား လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အကောက်ခွန်ဝန်ထမ်းများကို အစားထိုးပြောင်းလဲဖို့ သမ္မတ ဒူတာတေးက အမိန့်ပေးခဲ့ပါတယ်။ ဒူတာတေးဟာ သမ္မတဖြစ်ပြီးနောက်ပိုင်း နိုင်ငံအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေကို...

LATEST NEWS