ADB ကေန အေမရိကန္ ေဒၚလာ ၁၈၅ သန္း ေခ်းယူဖို႔ ျပည္ေထာင္စု လႊတ္ေတာ္ကုုိ တင္ျပ

0
37

ျပည္နယ္နဲ႔ တုိင္းေဒသႀကီး ေလးခုရွိ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွာ သဘာဝ ေဘးအႏၱရာယ္ ကာကြယ္ေရး လုပ္ငန္းေတြ၊ ေက်းလက္ေဒသ ဖြံ႔ၿဖိဳးေရးနဲ႔ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရး လုပ္ငန္းေတြ ေဆာင္ရြက္ႏုိင္ဖို႔ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB) ဆီက အေမရိကန္ ေဒၚလာ ၁၈၅ သန္း ေခ်းယူဖုိ႔ ျပည္ေထာင္စု လႊတ္ေတ္ာကုိ တင္ျပခဲ့တာ ျဖစ္ပါတယ္။

သမၼတက ေပးပို႔ထားတဲ့ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနရဲ႕ အထက္ပါ စီမံကိန္းေတြ ေဆာင္ရြက္ေရး ေခ်းေငြရယူဖုိ႔ကိစၥနဲ႔ ပတ္သတ္ၿပီး စက္တင္ဘာလ ၉ ရက္ေန႔က ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးမွာ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေက်ာ္နဲ႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတုိ႔က လႊတ္ေတာ္ကုိ ရွင္းလင္းတင္ျပခဲ့တာ ျဖစ္ပါတယ္။

စီမံကိန္းရဲ႕အဓိက ရည္ရြယ္ခ်က္မွာ ေဒသဖြံ႔ၿဖဳိးေရး လုပ္ငန္းေတြကုိလည္း လူကုိယ္တုိင္ ေဆာင္ရြက္ျခင္းနဲ႔ ေက်းလက္ေန မိသားစုေတြ ဝင္ေငြတုိးပြားလာၿပီး လူေနမႈ အဆင့္အတန္း ျမင့္မားလာကာ သဘာဝ ေဘးအႏၱရာယ္ ရင္ဆုိင္တုံ႔ျပန္ႏုိင္စြမ္းအား ေကာင္းလာေစဖုိ႔ျဖစ္ေၾကာင္း ဒုတိယ ဝန္ႀကီး ဦးလွေက်ာ္က ေျပာၾကားခဲ့ပါတယ္။

ADB ကနေ အမေရိကန် ဒေါ်လာ ၁၈၅ သန်း ချေးယူဖို့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ


ပြည်နယ်နဲ့ တိုင်းဒေသကြီး လေးခုရှိ မြို့နယ် ၁၇ မြို့နယ်မှာ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဆီက အမေရိကန် ဒေါ်လာ ၁၈၅ သန်း ချေးယူဖို့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။


သမ္မတက ပေးပို့ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရဲ့ အထက်ပါ စီမံကိန်းတွေ ဆောင်ရွက်ရေး ချေးငွေရယူဖို့ကိစ္စနဲ့ ပတ်သတ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်ကို ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။


စီမံကိန်းရဲ့အဓိက ရည်ရွယ်ချက်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း လူကိုယ်တိုင် ဆောင်ရွက်ခြင်းနဲ့ ကျေးလက်နေ မိသားစုတွေ ဝင်ငွေတိုးပွားလာပြီး လူနေမှု အဆင့်အတန်း မြင့်မားလာကာ သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေဖို့ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့ပါတယ်။