AA အဖြဲ႕ မိုင္းေထာင္ေဖာက္ခြဲဖို႔ နည္းပညာသံုး လုပ္ေဆာင္ေနတယ္လို႔ အိႏိၵယ ေထာက္လွမ္းေရး အစီရင္ခံစာမွာ ေဖာ္ျပ

0
29

AA လက္နက္ကုိင္အဖြဲ႕ ေျမျမႇဳပ္မုိင္းေတြေဖာက္ခြဲႏိုင္ဖုိ႔ Bluetoo နဲ႔ Wi- Fi နည္းပညာတုိ႔ကုိ အသုံးျပဳေနေၾကာင္း အိႏၵိယေထာက္လွမ္းေရး ေအဂ်င္စီေတြရဲ႕ အစီရင္ခံစာတစ္ေစာင္မွာေဖာ္ျပေနတယ္လို႔  အိႏိၵယ အေျခစုိက္ DNA သတင္းဌာနမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

AA လက္နက္ကုိင္အဖြဲ႕ဟာ မီဇုိရမ္ ျပည္နယ္လုံလုိင္းခ႐ိုင္ တစ္လႊားမွာ စခန္းေတြတည္ေဆာက္ထားမႈက ကုလားတန္စီမံကိန္းကုိ ၿခိမ္းေျခာက္ေနတာျဖစ္ေၾကာင္း အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။ လက္ရွိမွာ ကုလားတန္စီမံကိန္းဟာ သယ္ယူပုိ႔ေဆာင္ေရး စီမံကိန္းျဖစ္တာနဲ႔အညီ အေရွ႕ေတာင္အာရွ ေဒသကုိ အိႏိၵယ ႏုိင္ငံရဲ ထြက္ေပါက္ ျဖစ္တယ္လို႔ ယူဆထားတာ ျဖစ္ပါတယ္။

AA လက္နက္ကိုင္အဖြဲ႕ က မီဇိုရမ္မွာလည္း လႈပ္႐ွားမႈေတြ႐ွိေနတာေၾကာင့္ ေျမျမႇဳပ္မိုင္းေတြေပါက္ကြဲဖို႔ AA အဖြဲ႔သံုးတဲ့နည္းပညာေတြကို အိႏိၵယလံုၿခံဳေရး ေအဂ်င္စီေတြက စစ္ေဆးရာမွာ ေတြ႕႐ွိခဲ့တာ ျဖစ္ပါတယ္။

လက္ရွိျမန္မာစစ္တပ္က ေျမျမွဳပ္မုိင္းေတြရဲ႕ ၿခိမ္းေျခာက္မႈကုိ ေျဖရွင္းနုိင္ဖို႔အတြက္ တယ္လီဖုန္းလုိင္း ျဖတ္ေတာက္တဲ့ ကိရိယာေတြ ခ်ထားေၾကာင္း အိႏိၵယ ႏုိင္ငံ Zee  သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

AA အဖွဲ့ မိုင်းထောင်ဖောက်ခွဲဖို့ နည်းပညာသုံး လုပ်ဆောင်နေတယ်လို့ အိန္ဒိယ ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြ


AA လက်နက်ကိုင်အဖွဲ့ မြေမြှုပ်မိုင်းတွေဖောက်ခွဲနိုင်ဖို့ Bluetoo နဲ့ Wi- Fi နည်းပညာတို့ကို အသုံးပြုနေကြောင်း အိန္ဒိယထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အစီရင်ခံစာတစ်စောင်မှာဖော်ပြနေတယ်လို့ အိန္ဒိယ အခြေစိုက် DNA သတင်းဌာနမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။


AA လက်နက်ကိုင်အဖွဲ့ဟာ မီဇိုရမ် ပြည်နယ်လုံလိုင်းခရိုင် တစ်လွှားမှာ စခန်းတွေတည်ဆောက်ထားမှုက ကုလားတန်စီမံကိန်းကို ခြိမ်းခြောက်နေတာဖြစ်ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ လက်ရှိမှာ ကုလားတန်စီမံကိန်းဟာ သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်တာနဲ့အညီ အရှေ့တောင်အာရှ ဒေသကို အိန္ဒိယ နိုင်ငံရဲ ထွက်ပေါက် ဖြစ်တယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။


AA လက်နက်ကိုင်အဖွဲ့ က မီဇိုရမ်မှာလည်း လှုပ်ရှားမှုတွေရှိနေတာကြောင့် မြေမြှုပ်မိုင်းတွေပေါက်ကွဲဖို့ AA အဖွဲ့သုံးတဲ့နည်းပညာတွေကို အိန္ဒိယလုံခြုံရေး အေဂျင်စီတွေက စစ်ဆေးရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


လက်ရှိမြန်မာစစ်တပ်က မြေမြှုပ်မိုင်းတွေရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ဖို့အတွက် တယ်လီဖုန်းလိုင်း ဖြတ်တောက်တဲ့ ကိရိယာတွေ ချထားကြောင်း အိန္ဒိယ နိုင်ငံ Zee သတင်းဌာနမှာ ဖော်ပြထားပါတယ်။