AA အဖြဲ႔ ရန္ပံုေငြအတြက္ မူးယစ္ေဆးဝါး ေရာင္းခ်ေပးေနသူေတြ ဖမ္းမိ

0
185

AA ရခိုင္လက္နက္ကိုင္ အဖြဲ႔ရဲ႕ ရန္ပံုေငြအတြက္ မူးယစ္ေဆးဝါး ေရာင္းခ်ေပးေနသူေတြကို ရန္ကုန္၊ အမ္းနဲ႔ မင္းျပားၿမိဳ႕တို႔မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ၾသဂုတ္လ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ျမန္မာပလာဇာေရွ႕မွာ ထြဋ္ေအာင္လြင္နဲ႔ ၾကည္ခိုင္တို႔ကို သတင္းအရ ရွာေဖြရာ စိတ္ၾကြေဆးျပား ၄၀၀ ကို သိမ္းဆည္းရမိခဲ့ပါတယ္။ ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ မူးယစ္ေဆးဝါး ေရာင္းခ်တဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဇလြန္လမ္းေန ေအးေအးဝင္း (ခ) စုလိႈင္ရဲ႕ ေနအိမ္ကို ရွာေဖြရာမွာ စိတ္ၾကြေဆးျပား ၁၆၈၈၀၀ ျပား သိမ္းဆည္းရမိပါတယ္။ ဆက္လက္ ေဖာ္ထုတ္ခ်က္အရ ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္၊ ရတနာ အိမ္ရာ (၁) ရွိ ခိုခိုင္နဲ႔ ႏိုင္ႏုိင္ထြန္း ေမာင္ႏွမႏွစ္ဦး အိမ္ကေန စိတ္ၾကြေဆးျပား ၆၇၈၀ ကို ဖမ္းဆီးရမိပါတယ္။

ဆက္လက္ ေဖာ္ထုတ္မႈအရ ရန္ကုန္-စစ္ေတြ ခရီးသည္တင္ မင္းထက္သာ ယာဥ္တစ္စီးကေန ဆာလာအိတ္ ခုနစ္အိတ္အတြင္းက စိတ္ၾကြေဆးျပား ၁၀ သိန္း၊ ေနာက္ထပ္ မင္းထက္သာ ယာဥ္တစ္စီးေပၚက ဆာလာအိတ္ ငါးအိတ္နဲ႔ ထည့္ထားတဲ့ စိတ္ၾကြေဆးျပား ၇ သိန္းခြဲ၊ ေလးဝတီ ယာဥ္တစ္စီးေပၚက စိတ္ၾကြေဆးျပား ၇ သိန္းခြဲ နီးပါးတို႔ကို ဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့ စိတ္ၾကြေဆးျပားေတြဟာ ၂၆ သိန္းေက်ာ္ ရွိၿပီး ေငြက်ပ္ ၈၀၂၇၃ သိန္းေက်ာ္ ရွိပါတယ္။ ခိုင္ခိုင္ရဲ႕ ထြက္ဆိုခ်က္အရ သူတို႔ဟာ ထိုင္းမွာ ၂၀၁၅ ခုႏွစ္က အလုပ္သြားလုပ္စဥ္ AA ရခိုင္လက္နက္ကိုင္ အဖြဲ႔ရဲ႕ စည္း႐ံုးမႈေၾကာင့္ အဖြဲ႔ဝင္ျဖစ္ၿပီး လူသစ္စုတာ၊ ရန္ပံုေငြအတြက္ ယူးယစ္ေဆးဝါး ေရာင္းတာေတြ လုပ္ေနေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။ အရင္ကလည္း မူးယစ္ေဆး ငါးႀကိမ္ သယ္ယူပို႔ေဆာင္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရၿပီး ကြင္းဆက္တရားခံေတြ ဖမ္းမိဖို႔ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

AA အဖွဲ့ ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး ရောင်းချပေးနေသူတွေ ဖမ်းမိ


AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး ရောင်းချပေးနေသူတွေကို ရန်ကုန်၊ အမ်းနဲ့ မင်းပြားမြို့တို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။


သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့မှာ ထွဋ်အောင်လွင်နဲ့ ကြည်ခိုင်တို့ကို သတင်းအရ ရှာဖွေရာ စိတ်ကြွဆေးပြား ၄၀ဝ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး ရောင်းချတဲ့ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်းနေ အေးအေးဝင်း (ခ) စုလှိုင်ရဲ့ နေအိမ်ကို ရှာဖွေရာမှာ စိတ်ကြွဆေးပြား ၁၆၈၈၀ဝ ပြား သိမ်းဆည်းရမိပါတယ်။ ဆက်လက် ဖော်ထုတ်ချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာ အိမ်ရာ (၁) ရှိ ခိုခိုင်နဲ့ နိုင်နိုင်ထွန်း မောင်နှမနှစ်ဦး အိမ်ကနေ စိတ်ကြွဆေးပြား ၆၇၈၀ ကို ဖမ်းဆီးရမိပါတယ်။


ဆက်လက် ဖော်ထုတ်မှုအရ ရန်ကုန်-စစ်တွေ ခရီးသည်တင် မင်းထက်သာ ယာဉ်တစ်စီးကနေ ဆာလာအိတ် ခုနစ်အိတ်အတွင်းက စိတ်ကြွဆေးပြား ၁၀ သိန်း၊ နောက်ထပ် မင်းထက်သာ ယာဉ်တစ်စီးပေါ်က ဆာလာအိတ် ငါးအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၇ သိန်းခွဲ၊ လေးဝတီ ယာဉ်တစ်စီးပေါ်က စိတ်ကြွဆေးပြား ၇ သိန်းခွဲ နီးပါးတို့ကို ဖမ်းမိခဲ့ပါတယ်။


ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ၂၆ သိန်းကျော် ရှိပြီး ငွေကျပ် ၈၀၂၇၃ သိန်းကျော် ရှိပါတယ်။ ခိုင်ခိုင်ရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ ထိုင်းမှာ ၂၀၁၅ ခုနှစ်က အလုပ်သွားလုပ်စဉ် AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ စည်းရုံးမှုကြောင့် အဖွဲ့ဝင်ဖြစ်ပြီး လူသစ်စုတာ၊ ရန်ပုံငွေအတွက် ယူးယစ်ဆေးဝါး ရောင်းတာတွေ လုပ်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ အရင်ကလည်း မူးယစ်ဆေး ငါးကြိမ် သယ်ယူပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကွင်းဆက်တရားခံတွေ ဖမ်းမိဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။