
0
59




AA အဖွဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့ ပုဏ္ဏားကျွန်းမြို့အကြား ပက်ခွက်ဆိပ်

ကျေးရွာနဲ့ ပြိုင်းတော ကျေးရွာအနီးမှာ သြဂုတ်လ ၂၀ ရက်နေ့က AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။


မြောက်ဦးမြို့ကနေ စစ်တွေမြို့ကို ပြန်လာတဲ့ အမှတ် (၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးက ရဲမှူးဦးစီးစစ်ကြောင်း ၁ နဲ့ တပ်ခွဲ ၁ ခွဲဟာ မနက်ပိုင်းမှာ မော်တော်ယာဉ်တွေနဲ့ ချီတက်လာစဉ် မိုးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ပြီး ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ် သုံးစီးလည်း ပျက်စီးသွားခဲ့ပါတယ်။


တိုက်ခိုက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ ရဲတပ်သားတစ်ဦး ကျဆုံးကာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းလင်း ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။