
0
102




AA အဖွဲ့က အရပ်သား သုံးဦးကို သတ်ဖြတ်


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲနဲ့ အမ်းမြို့နယ် မဲလက်မောင်း ကျေးရွာတို့မှာ AA ရခိုင်လက်နက်ကိုင် အဖွဲ့က သတ်ဖြတ်လို့ အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။


ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ ဈေးအတွင်း မနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက AA အဖွဲ့က သတ်ဖြတ်ထားတဲ့ အမျိုးသားအလောင်း နှစ်လောင်းကို တွေ့ခဲ့တာပါ။ အသတ်ခံရသူ နှစ်ဦးက ဦးညီညီထွေးနဲ့ ဦးမောင်လုံးတို့ ဖြစ်ပါတယ်။


ဒါ့အပြင် မဲလက်မောင်းကျေးရွာက ဦးခိုင်ကိုလည်း စက်တင်ဘာလ ၉ ရက်နေ့ ညက AA အဖွဲ့က ဓားနဲ့ခုတ်သတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။