
0
175




AA က အဆင့်မြင့် နည်းပညာတွေသုံးပြီး တိုက်ခိုက်နိုင်ကြောင်း အိန္ဒိယ ထောက်လှမ်းရေး သတိပေး

နောက်ဆုံးရရှိတဲ့ အိန္ဒိယ ထောက်လှမ်းရေး သတင်းတွေအရ AA ရခိုင်လက်နက်ကိုင် အဖွဲ့ဟာ Bluetooth နဲ့ Wi-Fi နည်းပညာတွေသုံးပြီး မြေမြှုပ်မိုင်းတွေ ဖောက်ခွဲတိုက်ခိုက်လိမ့်မယ်လို့ သတိပေးထားပါတယ်။

AA အဖွဲ့ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တာလာ ခရိုင်မှာ စခန်းတွေလည်း ရှိနေပြီး ကုလားတန် စီမံကိန်းကို ခြိမ်းခြောက်နေတယ်လို့ DNA အိန္ဒိယ သတင်းမှာ ဖော်ပြထားပါတယ်။ ကုလားတန် စီမံကိန်းဟာ အရှေ့တောင်အာရှကို လမ်းပေါက်ဖို့အတွက် အိန္ဒိယရဲ့ ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း ဖြစ်ပါတယ်။

AA အဖွဲ့က Bluetooth နည်းပညာနဲ့ မြေမြှုပ်မိုင်း ဖောက်ခွဲမှု အသုံးပြုတာကို ရှာဖွေဖော်ထုတ်ဖို့ အာသံရိုင်ဖယ်တပ်ကို တောင်းဆိုထားကြောင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အလုပ်လုပ်နေတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ မြန်မာ တပ်မတော်ကလည်း မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ အဆင့်မြင့်နည်းပညာတွေ လုပ်ဆောင်နေတယ်လို့ Zee News သတင်းဌာနက ဖော်ပြပါတယ်။