မြန်မာ့နိုင်ငံရေးကို ရွေးကောက်ပွဲတွေကနေ အဆုံးအဖြတ် မပေးနိုင်သေး ကျန်းမာရေးကို ပိုအလေးထားဖို့ ပန့်ကြား

0
983

❖ မြန်မာ့နိုင်ငံရေးကို ရွေးကောက်ပွဲတွေကနေ ဆုံးဖြတ်လို့ မရသေးတာကြောင့် ကိုဗစ်-၁၉ နဲ့အတူ ဖြတ်သန်းကြရမယ့် ရွေးကောက်ပွဲမှာ ရောဂါအန္တရာယ်ကင်းဝေးဖို့နဲ့ ကျန်းမာရေးကိုသာ အထူးဂရုစိုက်ကြဖို့ ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမိုးသီးဇွန်က မဲဆန္ဒရှင်တွေကို ပန့်ကြားလိုက်ပါတယ်။●

❖ ဒါ့အပြင် နိုင်ငံရေး စိတ်စေတနာ (Political Will) အပြည့်နဲ့ ဆောင်ရွက်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးမှတဆင့် ရရှိလာမယ့် (ပြင်ဆင်/အသစ်) ပြဌာန်းထားတဲ့ အခြေခံဥပဒေနဲ့ အညီ ကျင်းပမယ့် ရွေးကောက်ပွဲတွေကျမှသာ အဆုံးအဖြတ်ကို ပေးနိုင်လိမ့်မယ်လို့လည်း သူက ဆိုတာပါ။

❖ အပြည့်အစုံကို MCN TV NEWS ရဲ့ “၂၀၂၀ ရွေးကောက်ပွဲ အထူးအစီအစဉ်” – “ရွေးကောက်ပွဲအလွန် နိုင်ငံရေး မှန်းမျှော်ချက်” အစီအစဉ် ယနေ့ ည (၉း၀၀) နာရီအချိန်မှာ ထုတ်လွှင့်မှုမှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)