ရည်ရွယ်ချက်ချင်းတူရင် တိုင်းရင်းသားတွေ လွှတ်တော်ထဲ ပိုရောက်လာမှာကို စိုးရိမ်ဖွယ်ရာ မရှိဟုဆို

0
444

❖ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဆုံမှတ် တစ်ခုကို သွားနေကြတဲ့ ရည်ရွယ်ချက်ချင်း တူညီနေရင် တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲ ပိုမိုရောက်လာမှာကို စိုးရိမ်နေစရာမလိုပဲ ခွန်အားတွေအဖြစ် မှတ်ယူဖို့ လိုမယ်လို့ SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောကြားလိုက်ပါတယ်။

❖ အာဏာရပါတီရဲ့ တိုင်းရင်းသားပါတီတွေအပေါ်ထားတဲ့ သဘောထားတွေနဲ့ လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ သူက အဲ့ဒီလို ပြောကြားခဲ့တာပါ။

❖ ကချင်တိုင်းရင်းသား သဘာဝအရင်းအမြစ် အုပ်ချုပ် စီမံခန့်ခွဲမှုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးမော်ထွန်းအောင်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကို ကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှာ လွှတ်တော်ကိုယ်စားလှယ်လောင်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)