နိုင်ငံတကာဖိအား ပိုများလာမယ့် အခြေအနကို ရွေးကော်က ဖန်တီးသလိုဖြစ်နေ (အပြည့်အစုံ)

0
968

❖ အာဏာရ NLD အစိုးရ ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက နိုင်ငံတကာ ဖိအား ပိုများလာအောင် အခြေအနေတွေကို ဖန်တီးသလို ဖြစ်နေတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ DHRP က ပြောကြားလိုက်ပါတယ်။

❖ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီ DHRP ကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူ (၇) ဦးထဲက (၅) ဦးကို နိုင်ငံသားအရည်အချင်း မပြည့်မီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ခဲ့တဲ့အပေါ် DHRP ရဲ့ ဥက္ကဌ ဦးကျော်မင်းက ပြောတာပါ။

❖ ဒီအပေါ် ရခိုင်ပြည်နယ်အရေး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ဘယ်လို ဆက်ဖြစ်လာနိုင်မလဲဆိုတာတွေအပြင် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်နဲ့ လွတ်လပ်သန့်ရှင်းတရားမျှတမှု စံနှုန်းတွေပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါမလဲဆိုတာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်လလို CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် တစ်ဦးလည်းဖြစ်ဖူးသူ ဦးကျော်မင်းကို MCN TV NEWS ရဲ့အယ်ဒီတာ ကျွန်တော် အံ့ဘုန်းမြတ် တိုက်ရိုက် ဆက်သွယ် မေးမြန်းတင်ဆက်ပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)