တန်းတူညီမျှရေးအတွက် တိုင်းရင်းသားမဲဆန္ဒရှင်တွေ ပြည်မက ပါတီတွေကို ယောင်မှားပြီး မဲ မပေးလိုက်ကြဖို့လို

0
498

တန်းတူညီမျှရေးအတွက် လာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်အားလုံးက တိုင်းရင်းသားမဲဆန္ဒရှင်တွေအားလုံး ကြိုက်တဲ့ လူမျိုးစုပါတီကိုသာ အိမ်ရှိမဲပေးခွင့်ရှိသူ လူကုန်ဆန္ဒမဲ ပေးလိုက်ကြဖို့နဲ့ ပြည်မကပါတီတွေကို ယောင်မှားပြီး မဲမပေးမိလိုက်ကြဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (ဥက္ကဌ) ဒေါက်တာ M ကောန်လက တိုက်တွန်းလိုက်ပါတယ်။

ပြည်တွင်းစစ်ပဋိပက္ခတွေရဲ့  နိုင်ငံရေးပြဿနာအားလုံးရဲ့ အရင်းခံဟာ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့်လို့ဆိုကြပေမယ့် ခေတ်အဆက်ဆက် မဖြေရှင်းခဲ့ကြတဲ့အပေါ် ရွေးကောက်ပွဲအလွန်မှာ ဘယ်လောက်မျှော်မှန်းထားလဲလို့ မေးမြန်းရာမှာ တန်းတူညီမျှတဲ့ နိုင်ငံရေးအခြေအနေရှိမှ ဖြေရှင်းနိုင်မယ့်အပေါ် ဒေါက်တာ M ကောန်လက အဲ့ဒီလို ပြောကြားလိုက်တာပါ။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပြည်နယ် (၇) ကနေ အမတ်နေရာ စုစုပေါင်း (၂၀၇) ဦးစာရှိနေပြီး အဲ့ဒီအရည်အတွက်ဟာ ၂၅ % ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ် (၁၆၆) ဦး ထက် ပိုမိုများပြားတဲ့ အရည်အတွက် ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)