NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ “စီးပွားရေး” ကဏ္ဍမူဝါဒအပေါ် ဝေဖန်သုံးသပ်ချက်

0
386

❖ စက်တင်ဘာလ (၁) ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အခန်း (၁၉) ခန်းပါ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ “စီးပွားရေး” ကဏ္ဍနဲ့ပတ်သက်လို့ ဘာတွေ ဆောင်ရွက်မယ်လို့ ကတိပြု ဖော်ပြထားပါလဲ။ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြဖို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သလို လွတ်လပ်တဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆရာဦးတင်သန်းဦးနဲ့ ဆက်သွယ်မေးမြန်းတင်ဆက်ပေးထားပါတယ်။

❖ ဒီဆက်သွယ်မေးမြန်းခန်းအတွင်းမှာတော့ NLD အစိုးရ တိုင်းပြည်တာဝန်ယူခဲ့တဲ့ အခု နှစ်တွေအတွင်း တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်းနေသလို ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမှာ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေကနေ ကျော်လွှားနိုင်ချေ ရှိပါ့မလား ဆိုတာတွေကို ဆွေးနွေးတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

❖ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ “စီးပွားရေး” ကဏ္ဍအတွင်းမှာတော့

(၁) ရေရှည်အမြော်အမြင်ဖြင့် ဆန်းသစ်တီထွင်သော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာစေရေး။

(၂) ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို အားပေးခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
လူသားအရင်းအမြစ်များ တိုးတက်လာစေရေး။ ။

(၃) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရေး။

(၄) တာဝန်ယူမှုရှိပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာရေးနှင့်
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးရေး။

(၅) နိုင်ငံတော်၏ အကျိုးစီးပွားကိုဖော်ဆောင်မည့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရေး။

(၆) Covid-19 ကြောင့် စီးပွားရေးထိခိုက်မှုများ လျော့ပါးသက်သာလာ စေရေးနှင့် နိုင်ငံ့စီးပွားရေး
ပြန်လည်ဦးမော့လာစေရေး။

(၇) ဈေးကွက်တစ်ခုတည်းကို မူတည်နေမည့်အစား အခြားနိုင်ငံများသို့လည်း
ဈေးကွက်ပိုမိုချဲ့ထွင်ရေး။

(၈) ခေတ်မီစိုက်ပျိုးရေးစနစ်ဖြင့် နိုင်ငံစီးပွားရေး တိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားနိုင်ငံများသို့ ဈေးကွက်များ ချဲ့ထွင်ရေး။ စတဲ့ အချက်တွေ ပါဝင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)