မဘသတွေရဲ့ လုပ်ရပ် နိုင်ငံတော်နဲ့ သာသနာတော်ကို အရုပ်ဆိုးအကျည်းတန်စေတယ်

0
477

မဘသတွေရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်နဲ့ သာသနာတော်အတွက် အရုပ်ဆိုးအကျည်းတန်စေတဲ့အတွက် ရွှေဝါရောင် သံဃာတော်တွေက လက်မခံကြောင်း ထုတ်ဖော် မိန့်ကြားလိုက်ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သလို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့ရဲ့ (အထွေထွေ အတွင်းရေးမှုး) လည်းဖြစ်တဲ့ အရှင်ထာဝရ (နော်ဝေး) က MCN မြန်မာကေဘယ်ရုပ်သံ သတင်းဌာနရဲ့ အင်တာနက်ကဆင့် သီးသန့်ဆက်သွယ် မေးမြန်းလျှောက်ထားမှုကို ဖြေဆိုစဉ်မှာ အဲ့ဒီလို ထုတ်ဖော် မိန့်ကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် အစိုးရ အပါအ၀င် နိုင်ငံရေးပါတီအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေအပြင် ရဟန်းသံဃာတော်တွေ အနေနဲ့ပါ ဘာသာရေးကို အသုံးချပြီး မဲဆွယ်စည်းရုံးမှုတွေကို မပြုလုပ်ကြဖို့ကိုလည်း အရှင်ထာဝရ (နော်ဝေး) က မိန့်ကြားလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ရုပ်သံပေးပို့မှုမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)