ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်မှုနဲ့ အသိပညာဖြန့်ဝေပေးမှုမှာ အားနည်းချက်တွေ အများအပြားရှိနေ

0
275

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နဲ့ မီဒီယာအဖွဲ့အစည်းတွေ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်မှုနဲ့ အသိပညာဖြန့်ဝေမှုမှာ အားနည်းချက်တွေ အများအပြားရှိနေပါတယ်။  မြန်မာကေဘယ်ရုပ်သံသတင်းဌာနရဲ့ ရွေးကောက်ပွဲနဲ့ သတင်းမီဒီယာအစီအစဉ်အတွက် သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ဘီဘီစီ (မြန်မာ) ပိုင်းရဲ့ မန္တလေးမြို့ခံသတင်းထောက် ကိုနေလင်းကဝေဖန်ပြောကြားလိုက်တာပါ။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိပုဂ္ဂိုလ်တွေက နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို တွေ့ဆုံတဲ့ အခမ်းအနားမှာလည်း ဒီအားနည်းချက်တွေကို ဖြည့်စည်းပေးဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
KO NAY LIN JOURNALIST BBC BURMESE

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)