အစိုးရအလုပ်နဲ့ ပါတီစည်းရုံးရေးကိစ္စ မရောယှက်ရအောင် လုပ်ဆောင်နေဟုဆို

0
313

အစိုးရအလုပ်နဲ့ ပါတီစည်းရုံးရေးကိစ္စမရောယှက်ရအောင် လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို MCN သတင်းထောက် ရည်မွန်ခိုင်ရဲ့ သတင်းပေးပို့မှုမှာ အခုလို ရှု့စားကြရမှာဖြစ်ပါတယ်။ ရိုက်ကူး (မင်းမင်းလတ် MCN)

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က တရားဝင် မဲစွယ်စည်းရုံးခွင့် ခွင့်ပြုလိုက်တဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့က မန္တလေးမြို့ခံ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားလိုက်တာပါ။

ဒါအပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဗဟိုက ချထားပေးတဲ့ ရန်ပုံငွေကိုသာ သုံးဆွဲနေပြီး နောက်ပိုင်းတွေမှာတော့ အလှူရှင်တွေက လှူဒါန်းလာမယ့် ရန်ပုံငွေတွေကို အသုံးပြုသွားမယ်လို့လည်း ပြောကြားထားပါတယ်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားပြုပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ပြင်ဦးလွင်မဲဆန္ဒနယ်မြေ အမှတ် (၂) ကနေပြီး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။ အဲ့ဒီမဲဆန္ဒနယ်မြေအတွင်းမှာတော့ ဦးရဲမြင့်နဲ့အတူ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီက ဦးမြင့်မောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာခင်မောင်ဌေးတို့က ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။

လက်ရှိအခြေအနေမှာတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၃ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၂၀၀ နီးပါး ၀င်ရောက်ယှဉ်ပြိုင် ဖို့ရှိနေပြီး သူတို့အတွက် တရားဝင် မဲဆွယ်စည်းရုံးခွင့်တွေကို စက်တင်ဘာလ (၈) ရက်နေ့ကနေစတင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ခွင့်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)