ဦးသိန်းစိန် ရွေးကောက်ပွဲ ၀င်/မ၀င် ဆုံးဖြတ်ချက် မကြာခင်သိရမယ်

0
261

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ ၀င်/မ၀င် ဆုံးဖြတ်ချက် မကြာခင် ပြည်သူတွေ အားလုံး သိရတော့မယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
(တွေ့ဆုံမေးမြန်ခန်း ကောက်နှုတ်ချက်)

မြန်မာကေဘယ်ရုပ်သံသတင်းဌာနနဲ့ ဇူလိုင်လ ၂၂ ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ၀န်ကြီးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် နိုင်ငံတော်သမ္မတအနေနဲ့ ဒုတိယသက်တမ်းတွက် သမ္မတဆက်လုပ်မလုပ်ဆိုတာ ရွေးကောက်ပွဲမှာ ၀င်ပြိုင်တာ၊ မပြိုင်တာနဲ့ မဆိုင်ဘူးလို့လည်း ပြောကြားလိုက်ပါတယ်။

ဒါအပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့အနေနဲ့လည်း ရွေးကောက်ပွဲမှာ လုံးဝ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်သလို အမိန့်အရ ဒါမှမဟုတ် ညွှန်ကြားချက်အရ ယှဉ်ပြိုင်ဖို့ စေခိုင်းလာရင်လည်း လုံးဝ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ရုပ်သံ သတင်းပေးပို့ချက်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)