SNLD နဲ့ SNDP ပေါင်းစည်းရေး မဖြစ်နိုင်သေး

0
271

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်းမှာ ရှမ်းပြည်နယ်အတွင်းက အင်အားကြီး ရှမ်းပါတီနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချု­ပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် SNDP တို့ ပေါင်းစည်းနိုင်ရေး မဖြစ်နိုင်သေးလို့ SNDP က ပြောကြားလိုက်ပါတယ်။
MCN ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇောသန်းက ပြောကြားလိုက်တာပါ။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် SNDP အနေနဲ့ ရှမ်းပြည်နယ်တွင်းက မဲဆန္ဒနယ်အားလုံးအပြင် ကယားပြည်နယ်၊ မန္တလေးတိုင်းဒေဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက မဲဆန္ဒနယ်မြေစုစုပေါင်း ၆၀ ကျော်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဦးစိုင်းကျော်ဇောသန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)