၁၀၀ % အနိုင်ရရင်တောင် အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးဆောင်ရွက်သွားမယ်

0
311

လာမယ့် ရွေးကောက်ပွဲမှာ ၁၀၀ % အနိုင်ရရင်တောင် အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။
ဒါအပြင် လွှတ်တော်တွင်း ဖွဲ့စည်းအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်တွေ မအောင်မြင်ခဲ့သည့်အပြင် ပုဒ်မ ၅၉ (စ) နိုင်ငံတော်သမ္မတသတ်မှတ်အရည်အချင်းတွေကြောင့် သူကိုယ်တိုင်သမ္မတမဖြစ်နိုင်ပေမယ့် ပြည်သူလက်ခံနိုင်မယ့် အစီအစဉ်တွေကို ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
၂၀၁၅ ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်းမှာတော့ NLD ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေတွေမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် အတွေ့အကြုံရှိပြီးသားလွှတ်တော် ကိုယ်စားလှယ်တွေ ၀င်ရောက်ယှဉ်ဖို့ လျာထားတဲ့ အကြောင်းကိုလည်း ပြောကြားထားပါတယ်။
အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)