ထိုင္းမွာ အပိတ္ခံရတဲ့ ျမန္မာစာသင္ေက်ာင္းေတြ ျပန္ဖြင့္ႏုိင္ေရး ႀကိဳးပမ္းေန

0
43

ထိုင္းႏိုင္ငံ၊ ရေနာင္းၿမိဳ႕မွာ အပိတ္ခံလိုက္ရတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြရဲ႕ ကေလးေတြ စာသင္ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ေရး အလုပ္သမားေရးရာနဲ႔ လံုၿခံဳေရး အရာရွိေတြ ပူးေပါင္းစီစဥ္ေနေၾကာင္း ထိုင္းအလုပ္သမား ဝန္ႀကီး မစၥတာ ခ်ာတူ မြန္ဂို ဆိုနာကူက ေျပာပါတယ္။

မေန႔ စက္တင္ဘာ ၁၀ ရက္ေန႔က ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္နဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ ထိုင္း အလုပ္သမား ဝန္ႀကီးက အခုလို ေျပာၾကားတာ ျဖစ္ပါတယ္။ ရေနာင္းၿမိဳ႕ရွိ ျမန္မာ စာသင္ေက်ာင္းေတြက ဆရာ၊ ဆရာမ ၃၂ ဦးကို ဥပေဒနဲ႔ မညီဘူးဆိုၿပီး ၾသဂုတ္လ ၂၆ ရက္ေန႔က ျပည္ႏွင္ဒဏ္ ေပးလိုက္တဲ့အျပင္ စာသင္ေက်ာင္းေတြဟာ လိုင္စင္မရွိဘူးဆိုၿပီး ပိတ္ခိုင္းခဲ့ပါတယ္။ ဒါေၾကာင့္ ေရႊ႕ေျပာင္းလုပ္သားေတြရဲ႕ ကေလးေတြ စာသင္ၾကားခြင့္ မရွိတဲ့အတြက္ ျမန္မာသံအမတ္ႀကီးက စိုးရိမ္ပူပန္ေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ ဆရာ၊ ဆရာမ ၃၂ ဦးကို ဘတ္ေငြ ၅ ေထာင္စီ ဒဏ္႐ိုက္ၿပီး ျပည္ႏွင္ဒဏ္ ေပးခဲ့တာပါ။ စာသင္ေက်ာင္းေတြမွာ ျမန္မာကေလးေတြကို ျမန္မာစာ၊ ထိုင္းဘာသာနဲ႔ အဂၤလိပ္စာေတြနဲ႔ ျမန္မာ ျပ႒ာန္းစာ သင္႐ိုးညႊန္းတမ္းအတိုင္း သင္ၾကားေပးတာ ျဖစ္ပါတယ္။ လက္ရွိ ရေနာင္းၿမိဳ႕မွာ ျမန္မာ စာသင္ေက်ာင္း ၁၀ ေက်ာင္းရွိၿပီး မိဘေတြ အလုပ္လုပ္စဥ္ စာသြားေရာက္ သင္ယူတဲ့ ျမန္မာကေလးငယ္ ၃ ေထာင္ ရွိပါတယ္။  

ထိုင်းမှာ အပိတ်ခံရတဲ့ မြန်မာစာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး ကြိုးပမ်းနေ


ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ အပိတ်ခံလိုက်ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး အလုပ်သမားရေးရာနဲ့ လုံခြုံရေး အရာရှိတွေ ပူးပေါင်းစီစဉ်နေကြောင်း ထိုင်းအလုပ်သမား ဝန်ကြီး မစ္စတာ ချာတူ မွန်ဂို ဆိုနာကူက ပြောပါတယ်။


မနေ့ စက်တင်ဘာ ၁၀ ရက်နေ့က မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ထိုင်း အလုပ်သမား ဝန်ကြီးက အခုလို ပြောကြားတာ ဖြစ်ပါတယ်။ ရနောင်းမြို့ရှိ မြန်မာ စာသင်ကျောင်းတွေက ဆရာ၊ ဆရာမ ၃၂ ဦးကို ဥပဒေနဲ့ မညီဘူးဆိုပြီး သြဂုတ်လ ၂၆ ရက်နေ့က ပြည်နှင်ဒဏ် ပေးလိုက်တဲ့အပြင် စာသင်ကျောင်းတွေဟာ လိုင်စင်မရှိဘူးဆိုပြီး ပိတ်ခိုင်းခဲ့ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေ စာသင်ကြားခွင့် မရှိတဲ့အတွက် မြန်မာသံအမတ်ကြီးက စိုးရိမ်ပူပန်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။


မြန်မာ ဆရာ၊ ဆရာမ ၃၂ ဦးကို ဘတ်ငွေ ၅ ထောင်စီ ဒဏ်ရိုက်ပြီး ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ စာသင်ကျောင်းတွေမှာ မြန်မာကလေးတွေကို မြန်မာစာ၊ ထိုင်းဘာသာနဲ့ အင်္ဂလိပ်စာတွေနဲ့ မြန်မာ ပြဋ္ဌာန်းစာ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးတာ ဖြစ်ပါတယ်။ လက်ရှိ ရနောင်းမြို့မှာ မြန်မာ စာသင်ကျောင်း ၁၀ ကျောင်းရှိပြီး မိဘတွေ အလုပ်လုပ်စဉ် စာသွားရောက် သင်ယူတဲ့ မြန်မာကလေးငယ် ၃ ထောင် ရှိပါတယ်။