တ႐ုတ္က ျမန္မာနယ္စပ္ေဒသဖြံ႔ၿဖိဳးေရးအတြက္ အေမရိကန္ေဒၚလာ သန္း(၃၀) ေထာက္ပံ့ေရး ေဆြးေႏြး

0
48

တ႐ုတ္ႏုိင္ငံအေနနဲ႔  ျမန္မာႏုိင္ငံရဲ႕ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရး စီမံကိန္းေဆာင္ရြက္ႏုိင္ဖို႔ နယ္စပ္ေရးရာ ၀န္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး တစ္ႏွစ္ကုိ အေမရိကန္ ေဒၚလာ(၁၀)သန္းနဲ႔ သုံးႏွစ္အတြက္ စုစုေပါင္း အေမရိ ကန္ေဒၚလာ သန္း(၃၀) ေထာက္ပ့ံကူညီေပးဖုိ႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ဇူလုိင္က ၁၁ ရက္ေန႔က နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ဟာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္နဲ႔ ေတြဆုံစဥ္ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္အစိုးရ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနတဲ့  ျပည္တြင္း ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရး၊ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေနရပ္စြန္႔ခြာ ေ႐ႊ႕ေျပာင္း ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံႏိုင္ေရး စတဲ့ကိစၥရပ္ေတြ  ျမန္မာႏိုင္ငံ ေျမာက္ပိုင္းရွိ ႏွစ္ႏိုင္ငံ နယ္နိမိတ္ ထိစပ္ေနတဲ့ ရွမ္းျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္ေတြမွာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကုိ ပူးေပါင္း ေဆာင္႐ြက္ေရး ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

တရုတ်က မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း(၃၀) ထောက်ပံ့ရေး ဆွေးနွေး


တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်နိုင်ဖို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တစ်နှစ်ကို အမေရိကန် ဒေါ်လာ(၁၀)သန်းနဲ့ သုံးနှစ်အတွက် စုစုပေါင်း အမေရိ ကန်ဒေါ်လာ သန်း(၃၀) ထောက်ပံ့ကူညီပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။


ဇူလိုင်က ၁၁ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နဲ့ တွေဆုံစဉ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


နိုင်ငံတော်အစိုးရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံနိုင်ရေး စတဲ့ကိစ္စရပ်တွေ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။