အင္ဒိုနီးရွားမွာ အြန္လိုင္း စီးကရက္ ေၾကာ္ျငာေတြ ပိတ္ပင္

0
61

အင္ဒိုနီးရွားႏုိင္ငံမွာ အြန္လိုင္းကေန စီးကရက္ ေၾကာ္ျငာတာေတြကို ပိတ္ပင္လိုက္တဲ့အတြက္ အေရွ႕ေတာင္အာရွ ေဆးလိပ္ထိန္းခ်ဳပ္ေရး မဟာမိတ္အဖြဲ႔ (SEATCA) က ခ်ီးက်ဴးလိုက္ပါတယ္။

လူငယ္ေတြကို ေဆးလိပ္ေၾကာ္ျငာေတြကေန အကာအကြယ္ေပးဖို႔ အင္ဒိုနီးရွားက အခုလို ပိတ္ပင္ခဲ့တာ ျဖစ္ၿပီး တျခားႏိုင္ငံေတြလည္း အခုလို ပိတ္ပင္ၾကဖို႔ SEATCA က တိုက္တြန္းလိုက္ပါတယ္။ ႏိုင္ငံအားလံုး၊ အထူးသျဖင့္ အာဆီယံေဒသမွာ လူမႈကြန္ရက္ေတြ၊ ဒစ္ဂ်စ္တယ္ မီဒီယာေတြကေန ေဆးရြက္ႀကီး၊ ေဆးလိပ္ ေၾကာ္ျငာေတြကို ျပင္းျပင္းထန္ထန္ ပိတ္ပင္ဖို႔လိုေၾကာင္းSEATCA အမႈေဆာင္ ဒါ႐ိုက္တာ ယူလီဆီး ေဒၚ႐ိုသီယိုက  ေျပာပါတယ္။

ကမာၻတစ္ဝန္းမွာ ႏွစ္ဦး လူ ၈ သန္း ေသဆံုးေစတဲ့၊ အရြယ္မတိုင္ခင္ ေသေစႏိုင္တဲ့ ေဆးရြက္ႀကီး၊ ေဆးလိပ္ေတြဟာ ႀကိဳတင္တားဆီးႏိုင္တယ္လို႔ သူက ေျပာပါတယ္။ အင္ဒိုနီးရွားႏိုင္ငံမွာ ေဆးလိပ္ေသာက္သူ ၆၆ သန္းရွိၿပီး အဲဒီထဲက ၆၆ ရာခိုင္ႏႈန္းက အရြယ္ေရာက္ၿပီးတ့ဲ အမ်ိဳးသားေတြ ျဖစ္ပါတယ္။

အင်ဒိုနီးရှားမှာ အွန်လိုင်း စီးကရက် ကြော်ငြာတွေ ပိတ်ပင်

အင်ဒိုနီးရှားနိုင်ငံမှာ အွန်လိုင်းကနေ စီးကရက် ကြော်ငြာတာတွေကို ပိတ်ပင်လိုက်တဲ့အတွက် အရှေ့တောင်အာရှ ဆေးလိပ်ထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (SEATCA) က ချီးကျူးလိုက်ပါတယ်။

လူငယ်တွေကို ဆေးလိပ်ကြော်ငြာတွေကနေ အကာအကွယ်ပေးဖို့ အင်ဒိုနီးရှားက အခုလို ပိတ်ပင်ခဲ့တာ ဖြစ်ပြီး တခြားနိုင်ငံတွေလည်း အခုလို ပိတ်ပင်ကြဖို့ SEATCA က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံအားလုံး၊ အထူးသဖြင့် အာဆီယံဒေသမှာ လူမှုကွန်ရက်တွေ၊ ဒစ်ဂျစ်တယ် မီဒီယာတွေကနေ ဆေးရွက်ကြီး၊ ဆေးလိပ် ကြော်ငြာတွေကို ပြင်းပြင်းထန်ထန် ပိတ်ပင်ဖို့လိုကြောင်းSEATCA အမှုဆောင် ဒါရိုက်တာ ယူလီဆီး ဒေါ်ရိုသီယိုက ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ နှစ်ဦး လူ ၈ သန်း သေဆုံးစေတဲ့၊ အရွယ်မတိုင်ခင် သေစေနိုင်တဲ့ ဆေးရွက်ကြီး၊ ဆေးလိပ်တွေဟာ ကြိုတင်တားဆီးနိုင်တယ်လို့ သူက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်သောက်သူ ၆၆ သန်းရှိပြီး အဲဒီထဲက ၆၆ ရာခိုင်နှုန်းက အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေ ဖြစ်ပါတယ်။