
0
212




ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ ကားဈေးကွက် အစီရင်ခံစာ ထွက်ရှိ

ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ ကားဈေးကွက်၊ တိုးတက်မှုအညွှန်းနဲ့ ခန့်မှန်းသုံးသပ်ချက် အစီရင်ခံစာကို ကမ္ဘာ့အကြီးဆုံး ဈေးကွက်သုတေသနဖြစ်တဲ့ Resarch and Markets ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အရှေ့တောင်အာရှ သုံးနိုင်ငံရဲ့ ကားဈေးကွက်ဟာ ကားထုတ်လုပ်သူတွေ အထူးစိတ်ဝင်စားတဲ့ ဈေးကွက်တွေအဖြစ် ပေါ်ထွက်လာကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ ကားအရောင်းဈေးကွက်ဟာ အခြေတည် ဖွံ့ဖြိုးစပြုနေပြီး ကမ္ဘောဒီးယား ကားဈေးကွက်က တဟုန်ထိုးတက်နေကြောင်း၊ ဒါပေမယ့် လာအိုနိုင်ငံရဲ့ ကားဈေးကွက်ကတော့ သေးငယ်ပြီး စိန်ခေါ်မှု များစွာရှိကြောင်း အစီရင်ခံစာက သုံးသပ်ပါတယ်။

အစီရင်ခံစာမှာ Brabd, ဈေးကွက်လှုပ်ရှားမှု၊ ကားမော်ဒယ် အသစ် မိတ်ဆက်မှု၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတို့အတွင်း ဥပဒေနဲ့ ဈေးကွက်ထိန်းကြောင်းမှုတွေကို တစ်ပိုင်းစီ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ကနေ မူလသတင်းရင်းမြစ်၊ တစ်ဆင့်ခံ သတင်းရင်းမြစ်၊ ကားနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့၊ ဖက်ဒရေးရှင်း၊ အစိုးရ သတင်းအချက်အလက်နဲ့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေလည်း ထည့်သွင်းထားပါတယ်။