“10 Double Zero” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ နှောင့်နှေးနေတဲ့ နီကိုလက်ကေခ်ျ့

0
43

ကမ္ဘာကျော် မင်းသားကြီး နီကိုလက်ကေခ်ျ့ ဟာ အခုသီတင်းပတ်အတွင်း ရိုက်ကူးဖို့ စီစဉ်ထားတဲ့ “10 Double Zero”  ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ နှောင်နေးခဲ့ရတယ်လို့ ဆိုပါတယ်။  



အဆိုပါ ဇာတ်ကားမှာ  မင်းသား နီကိုလက်ကေခ်ျ့ ဟာ စုံထောက် အဖြစ်ပါဝင်မှာဖြစ်ပြီး ရဲတွေ အသတ်ခံရမှုနဲ့ ပတ်သက်လို့  စုံစမ်းဖော်ထုတ်ရမယ့်ဇာတ်လမ်းမျိုးလည်း ဖြစ်ပါတယ်။

“10 Double Zero” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ နှောင့်နှေးနေတဲ့ နီကိုလက်ကေချ့်


ကမ္ဘာကျော် မင်းသားကြီး နီကိုလက်ကေချ့် ဟာ အခုသီတင်းပတ်အတွင်း ရိုက်ကူးဖို့ စီစဉ်ထားတဲ့ “10 Double Zero” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ နှောင်နေးခဲ့ရတယ်လို့ ဆိုပါတယ်။


ဒီရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ ဘာတန်ရုဒ့် မြို့လယ်ခေါင်မှာ ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်နေရတယ်လို့ အချိန်နှောင်နေးခဲ့ရတယ်လို့ အမေရိကန် မီဒီယာတွေကဖော်ပြပါတယ်။


ရုပ်ရှင်ထုတ်လုပ်သူ ဘာရမ်ဂျွန်ဆန်ကတော့ ဒီရုပ်ရှင်ကားကို နောက်သီတင်းပတ် နှစ်ပတ် ကြာပြီးမှ ပြန်ရိုက်ကူးနိုင်မှာဖြစ်ကြောင်း၊ ရုပ်ရှင်ရိုက်ကူးမယ့် မြို့လယ်အတွင်း လမ်းပိတ်မှုမရှိအောင် ပြင်ဆင်မှုတွေ လုပ်နေရကြောင်း ပြောပါတယ်။
အဆိုပါ ဇာတ်ကားမှာ မင်းသား နီကိုလက်ကေချ့် ဟာ စုံထောက် အဖြစ်ပါဝင်မှာဖြစ်ပြီး ရဲတွေ အသတ်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ရမယ့်ဇာတ်လမ်းမျိုးလည်း ဖြစ်ပါတယ်။