အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရး ဥပေဒ (မူၾကမ္း) ကို လူထုၾကားနားပြဲ ျပဳလုပ္

0
117

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥပေဒျပဳေရးဆိုင္ရာ ေကာ္မတီက က်င္းပျပဳလုပ္တဲ့   အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရး ဥပေဒ (မူၾကမ္း) နဲ႔ ပတ္သက္ၿပီး ျပည္သူလူထု ၾကားနာပြဲကို ဒီကေန႔  ဇြန္လ ၇ ရက္ေန႔ ရွမ္းျပည္နယ္လႊတ္ေတာ္ က်ားေခါင္းခန္းမမွာ ျပဳလုပ္ခဲ့ပါတယ္။

ရွမ္းျပည္နယ္ လႊတ္ေတာ္ ဒုတိယဥကၠ႒ အပါအဝင္ သက္ဆုိင္ရာ အစုိးရအဖြဲ႔ေတြနဲ႔ အရပ္ဘက္ အဖြဲ႔အစညး္ေတြ လုပ္ငန္းရွင္ေတြနဲ႔ ေတာင္ႀကီး၊ ကေလာ၊ ပင္းတယ၊ ရပ္ေစာက္၊ ရြာငံ၊ ဆီဆိုင္၊ ပင္ေလာင္း၊ ဖယ္ခံု၊ ဟိုပံုးၿမိဳ႕နယ္မွ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြ တက္ေရာက္ခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲမွာ အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရး ဥပေဒ (မူၾကမ္း) နဲ႔ ပတ္သက္ၿပီး အျပန္အလွန္ ေဆြးေႏြးခဲ့ၾကကာ အစည္းအေဝးကုိ သုံးရက္တုိင္ က်င္းပျပဳလုပ္ေနပါတယ္။

အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေ (မူကြမ်း) ကို လူထုကြားနားပွဲပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီက ကျင်းပပြုလုပ်တဲ့ အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေ (မူကြမ်း) နဲ့ ပတ်သက်ပြီး ပြည်သူလူထု ကြားနာပွဲကို ဒီကနေ့ ဇွန်လ ၇ ရက်နေ့ ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစညး်တွေ လုပ်ငန်းရှင်တွေနဲ့ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံ၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ဟိုပုံးမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေ (မူကြမ်း) နဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို သုံးရက်တိုင် ကျင်းပပြုလုပ်နေပါတယ်။