႐ိုးမားအသင္းရဲ႕ ကမ္းလွမ္းမႈအေပၚ ျငင္းဆန္လိုက္တဲ့ မန္ယူ တုိက္စစ္မွဴး ဆန္းခ်က္ဇ္

0
53

အီတလီကလပ္ ႐ိုးမားအသင္းကေခၚယူဖုိ႔ ကမ္းလွမ္းမႈအေပၚ မန္ခ်က္စတာ ယူႏိုက္တက္ တုိက္စစ္မွဴး ဆန္းခ်က္ဇ္က ပယ္ခ်ခဲ့ပါတယ္။

ဆန္းခ်က္ဇ္ကို လက္ရွိ အေျပာင္းအေရႊ႕ ကာလအတြင္း ေခၚယူဖုိ႔ ႐ိုးမားအသင္းနဲ႔အၿပိဳင္ အင္တာမီလန္ အသင္းတို႔က ႀကိဳးပမ္းေနပါတယ္။ ဆန္းခ်က္ဇ္ရဲ႕လစာ ျမင့္မားေနမႈက ေခၚယူမယ့္ အသင္းအတြက္ အခက္အခဲ ျဖစ္ရ ဖြယ္ရွိတယ္လုိ႔ ၿဗိတိန္ သတင္းဌာနေတြက သံုးသပ္ထားပါတယ္။ 

ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြအျပင္ ေမွ်ာ္လင့္သေလာက္ ေျခစြမ္းမျပႏုိင္တဲ့အတြက္ ဆန္းခ်က္ဇ္ကို ပရိသတ္ေတြက ေဝဖန္ျပစ္တင္မႈေတြ ရွိေနပါတယ္။

ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုအပေါ် ငြင်းဆန်လိုက်တဲ့ မန်ယူ တိုက်စစ်မှူး ဆန်းချက်ဇ်

အီတလီကလပ် ရိုးမားအသင်းကခေါ်ယူဖို့ ကမ်းလှမ်းမှုအပေါ် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဆန်းချက်ဇ်က ပယ်ချခဲ့ပါတယ်။

ဆန်းချက်ဇ်ကို လက်ရှိ အပြောင်းအရွှေ့ ကာလအတွင်း ခေါ်ယူဖို့ ရိုးမားအသင်းနဲ့အပြိုင် အင်တာမီလန် အသင်းတို့က ကြိုးပမ်းနေပါတယ်။ ဆန်းချက်ဇ်ရဲ့လစာ မြင့်မားနေမှုက ခေါ်ယူမယ့် အသင်းအတွက် အခက်အခဲ ဖြစ်ရ ဖွယ်ရှိတယ်လို့ ဗြိတိန် သတင်းဌာနတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေအပြင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်တဲ့အတွက် ဆန်းချက်ဇ်ကို ပရိသတ်တွေက ဝေဖန်ပြစ်တင်မှုတွေ ရှိနေပါတယ်။