ႏုိင္ငံေရး ျပႆနာကုိ ႏုိင္ငံေရးနည္းအရ ၿငိမ္းခ်မ္းစြာ ေဆြးေႏြး အေျဖရွာဖုိ႔ လုိလားေၾကာင္း ေျမာက္ပုိင္း မဟာမိတ္သုံးဖြဲ႔ ထုတ္ျပန္

0
103

ေျမာက္ပုိင္းမဟာမိတ္ သုံးဖြဲ႕ျဖစ္တဲ့ တအာင္း လက္နက္ကုိင္အဖြဲ႔ TNLA၊ ကုိးကန္႔ လက္နက္ကုိင္အဖြဲ႔ MNDAA နဲ႔ ရခုိင္လက္နက္ကုိင္အဖြဲ႔ AA တုိ႔က ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ သေဘာထား ထုတ္ျပန္ခ်က္မွာ ႏုိင္ငံေရး ပဋိပကၡေတြကုိ ႏုိင္ငံေရးနည္းနဲ႔ ေျဖရွင္းလိုတဲ့ စိတ္ဆႏၵ အျပည့္အ၀ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

မဟာမိတ္သုံးဖြဲ႔အေနနဲ႔ အခ်ိန္ၾကာျမင့္စြာ ရင္ဆုိင္ေနရတဲ့ ႏုိင္ငံေရး၊ စစ္ေရးျပႆနာကုိ ၿငိမ္းခ်မ္းတဲ့ နည္းလမ္းနဲ႔သာ ေတြ႔ဆုံေဆြးေႏြး အေျဖရွာျခင္းသည္သာ အေကာင္းဆုံးျဖစ္ၿပီး တုိင္းရင္းသားေတြရဲ႕ ဘ၀ လုံၿခံဳေအးခ်မ္းေရး အတြက္လည္း အေကာင္းဆုံး နည္းလမ္း ျဖစ္တာကို အခိုင္အမာ ယုံၾကည္ေၾကာင္း ေျမာက္ပိုင္း မဟာမိတ္သုံးဖြဲ႔က ေၾကညာထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အမွန္တကယ္ အပစ္အခတ္ရပ္စဲၿပီး စစ္မွန္တဲ့ ေတြ႔ဆုံေဆြးေႏြးမႈေတြ ျဖစ္လာေစဖုိ႔အတြက္ တ႐ုတ္ႏုိင္ငံရဲ႕ ၾကား၀င္ေစ့စပ္မႈ၊ ျပည္ေထာင္စုႏိုင္ငံေရး ေဆြးေႏြးညွိႏိႈင္းေရး ေကာ္မတီ (FPNCC) ရဲ႕ ႏုိင္ငံေရး ဦးေဆာင္မႈတို႔နဲ႔အတူ အားသြန္ခြန္စုိက္ ႀကိဳးပမ္းေနတယ္လို႔ ေျမာက္ပိုင္း မဟာမိတ္သုံးဖြဲ႔က ေၾကညာထားပါတယ္။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာဖို့ လိုလားကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်


မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက်မှာ နိုင်ငံရေး ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့ စိတ်ဆန္ဒ အပြည့်အဝရှိတယ်လို့ ဖော်ပြထားပါတယ်။


မဟာမိတ်သုံးဖွဲ့အနေနဲ့ အချိန်ကြာမြင့်စွာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ဘဝ လုံခြုံအေးချမ်းရေး အတွက်လည်း အကောင်းဆုံး နည်းလမ်း ဖြစ်တာကို အခိုင်အမာ ယုံကြည်ကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ကြေညာထားတာ ဖြစ်ပါတယ်။


ဒါ့အပြင် အမှန်တကယ် အပစ်အခတ်ရပ်စဲပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာစေဖို့အတွက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု၊ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ရဲ့ နိုင်ငံရေး ဦးဆောင်မှုတို့နဲ့အတူ အားသွန်ခွန်စိုက် ကြိုးပမ်းနေတယ်လို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ကြေညာထားပါတယ်။